ငဖဲမြို့နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူနှင့် သေဆုံးသူများ၏ မိသားစုများထံသို့ ထောက်ပံ့မှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ လိုင်ကျေးရွာအုပ်စု၊ လိုင်ကျေးရွာတွင် (၁၃-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)အချိန်တွင် တောအတွင်းလောင်ကျွမ်းနေသော တောမီးအား ကျေးရွာအတွင်း မီးကူးစက်လောင်ကျွမ်းမှုမရှိစေရေအတွက် ကျေးရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ကြရာ လေတိုက်ခတ်မှုကြောင့် ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ ရွာသားများ ထွက်ပြေးကြစဉ် ကျေးရွာသား(၃)ဦး မီးလောင်ကျွမ်းခဲ့ပြီး၊ (၁)ဦးမှာဒဏ်ရာရရှိခဲ့ပါ၍ သေဆုံးသူ(၃)ဦးအတွက်ထောက်ပံ့ငွေ (၉၀၀၀၀၀/-)နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀/-)တို့အား ဒဏ်ရာရသူနှင့်သေဆုံးသူများ၏ မိသားစုများထံသို့ (၁၅-၄-၂၀၁၉)ရက်နေ့ (၁၄း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

# ha_fir

# mgy _apr2019

Sign Up

Upcoming Events