မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

 

 

16 Pic-01 16 Pic-02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၉)ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ သရက္ကံကြီးကျေးရွာအုပ်စု၊ မင်းရွာတောကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ပြီး မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-)၊ ဘေးသင့်ပြည်သူ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁) ပုံးတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၅-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပြီး၊ အဆိုပါကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများကို သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_fir

#sgg_mar 2019

Sign Up

Upcoming Events