ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံ အမတ်ကြီး ဦးဆောင်သောအဖွဲ့လာရောက်တွေ့ဆုံမှုသတင်း

မတ်လ ၁၃ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အားရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr. Tim Enderlinက ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ မေခလာခန်းမ၌ လာရောက်တွေ့ ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း များ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များတွင် ဆွစ်ဇာလန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိ သည့် လူမှုသဟဇာတမျှတရေးဆိုင်ရာကိစ္စရပ်များ၊ အမျိုးသားအဆင့် IDP စခန်းများ ပိတ်သိမ်းခြင်းဆိုင်ရာ မဟာဗျူဟာရေးဆွဲဆောင်ရွက်ခြင်းတွင် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Professor Walter Kalin က ပူးပေါင်းဆောင်ရွက် နေသည့်ကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ရခိုင် ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် အာဆီယံ အတွင်း ရေးမှူး ချုပ်ရုံးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (ASEAN Coordination Centre for Humanitarian Assistance on Disaster Management- AHA Centre) တို့မှ ပူးပေါင်းဆောင်ရွက်နေသော အခြေအနေများနှင့် သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းစဉ်များတွင် Swiss Agency for Development and Cooperation က ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_mar2019

 

Sign Up

Upcoming Events