သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၁၉)သင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၃-၂၀၁၉) ရက်နေ့မှ (၁၅-၃-၂၀၁၉) ရက်နေ့ အထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက် သုဝဏ္ဏအားကစားခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၁/၂၀၁၉)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ သထုံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းအဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ ခရိုင်အဆင့် ဌာန ဆိုင်ရာများနှင့် သင်တန်းသား/သူများ စုစုပေါင်း (၈၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလ မှာ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mon_mar2019

Sign Up

Upcoming Events