မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

17 Pic 01
=================================================
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
=================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒိုက်ဦးမြို့နယ် မင်္ဂလွန်းကျေးရွာအုပ်စု ခမွန်မြန်မာစုကျေးရွာ၌ (၁၃-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး  (၁၀၅၀၀) ကျပ်နှင့် လေးထောင့်ပလပ်စတစ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (၁) အိမ်ထောင်စာနှင့် Family  Kit (၁) ပုံးတို့အား (၁၅-၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events