ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

News Photo
==============================================
ဖေဖော်ဝါရီလ ၁၂၊ နေပြည်တော် ————–
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလများအတွင်း ပေါက်ခေါင်းမြို့ အနီးဝန်းကျင်တွင် အင်အားအနည်းငယ်နှင့် အင်အားအသင့်အတင့်ရှိသည့် ငလျင်များ လှုပ်ခတ်ခဲ့ခြင်းကြောင့် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံ၏ ထိပ်မျက်နှာပြင် တွင် အလျားလိုက်နှင့် အပေါ်အောက် အက်ကွဲကြောင်းများဖြစ်ပေါ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့ဦးဆောင်၍ တာဝန်ရှိသူများနှင့် (၁၁-၂-၂၀၁၉)ရက်နေ့၊ နေ့လည်ပိုင်းတွင် အဆိုပါဝန်ကြီး ဌာန၌ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် နီးနီးကပ်ကပ်ပူးပေါင်း၍ တောင်နဝင်းပင်မတမံ၏အခြေအနေ စဉ်ဆက်မပြတ်သတင်းရယူနိုင်ရေး၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ တမံအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူလူထုသို့ အသိပေးဆောင်ရွက်ရန်နည်းလမ်းများ၊အကူအညီတောင်းခံနိုင်မည့် ဖုန်းနံပါတ်များ၊ အရေးပေါ်ခိုလှုံရန်နေရာများနှင့် သွားရောက်ရန်လမ်းကြောင်းများ၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအစီအမံများနှင့် ခိုလှုံရန်နေရာများတွင် အခိုအကာနှင့် စားရေရိက္ခာများ ပံ့ပိုးပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဝန်ကြီးဌာန ဖြစ်သည့်အားလျော်စွာ မြေပြင်တွင် လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းအဖွဲ့ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက် ယနေ့တွင် ပေါက်ခေါင်းမြို့နယ်သို့ စေလွှတ်ခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းအဖွဲ့အနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လတ်တလော ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးညှိုနှိုင်းခဲ့ကြပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် တောင်နဝင်းရေလှောင်တမံနှင့်စပ်လျဉ်းသည့် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ ပြည်သူထံသို့ အရောက်ပေးပို့နိုင်ရန်ဆောင်ရွက်ခြင်း၊ ဘေးကင်းရာသို့ အချိန်မီရွှေ့ပြောင်းနိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခြင်း၊ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို အရေးပေါ်ရွှေ့ပြောင်း နိုင်ရေးအတွက် လိုအပ်သည့် ဖိုက်ဘာစက်တပ်ယာဉ်များ အဆင်သင့်ထားပေးခြင်း၊ အခြားသော အသက်ကယ်ပစ္စည်းများဖြစ်သည့် ကြိုးခွေများ၊ သက်ကယ်အင်္ကျီများ အရန်သင့်ထားရှိစေခြင်း၊ အရေးပေါ် အခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြမည့် တာဝန်ရှိသူများ အား တရုတ်နိုင်ငံအခြေစိုက် Blue Sky Emergency Rescue Team နှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးသင်တန်းများပို့ချပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံ မျက်နှာပြင်အက်ကွဲကြောင်းဖြစ်ပေါ် ခြင်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် နည်းပညာဆိုင်ရာ စစ်ဆေးမှုများ၊ ပြင်ဆင်မွမ်းမံမှုများနှင့် နေ့ညမပြတ် စောင့်ကြည့်လေ့လာမှုများကို ဆောင်ရွက် လျက်ရှိပါသည်။ထိုနည်းတူစွာ အဆိုပါ တမံနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်လျော့ပါးစေရေး အတွက်ကြိုတင်ပြင်ဆင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events