ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးစစ်ကိုင်းတိုင်းဒေသကြီးအတွင်းမိခင်ဝိုင်းများဖွင့်လှစ်ခြင်း၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုထောက်ပံ့ခြင်းများဆောင်ရွက်

 

12 Pic_01

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များတွင် လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း ၊ ဝန်ကြီးဌာနကတာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းက မြင်းမူမြို့နယ်၊ ရွှေဂူကြီးဘုရားဓမ္မရုံ၌ ကျင်းပသော မြင်းမူမြို့နယ်အတွင်းရှိသက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့်မိခင်ဝိုင်းများအားထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီးအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်လာကြသောအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် မသန်စွမ်းများအတွက် ထောက်ပံ့ငွေများကိုလက်ဝယ်အရောက်ပေးအပ်ခြင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များဝေငှခြင်းများဆောင်ရွက်ခဲ့ပါသည်။အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွား (၆၆၆)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၉,၉၈၀,၀၀၀) – တစ်ရာကိုးဆယ့် ကိုးသိန်းရှစ်သောင်း၊ မသန်စွမ်း (၂၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၈,၂၈၀,၀၀၀) – ရှစ်ဆယ့်နှစ်သိန်းရှစ်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) – သုံးဆယ့်ခြောက်သိန်းသုံးထောင့်တစ်ရာ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁,၄၀၀,၀၀၀) – ဆယ့်လေးသိန်းတို့ကိုအသီးသီးထောက်ပံ့ပေးအပ်ရာလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာ၊ လောကနန္ဒာကျောင်းတိုက်သို့ရောက်ရှိကြပြီးကျောင်းတိုက်ဆရာတော်အားဖူးမျှော်ကြည်ညို၍ သင်္ကန်းနှင့်အလှူငွေများဆပ်ကပ်ခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်ဓမ္မာရုံကြီးတွင် ကျင်းပသောလူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၆၃၂)ဦးအတွက်လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၈,၉၆၀,၀၀၀) – တစ်ရာရှစ်ဆယ့် ကိုးသိန်းခြောက်သောင်း၊ မသန်စွမ်းသူ (၁၀၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၃,၀၃၀,၀၀၀) – သိန်းသုံးဆယ့်သုံးသောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) – သုံးဆယ့်ခြောက်သိန်းသုံးထောင့်တစ်ရာတို့ကိုအသီးသီးထောက်ပံ့ပေးခဲ့ပြီးကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် အာဟာရပဲနို့များဝေငှပေးခဲ့ပါသည်။ထို့နောက် ယင်းမာပင်မြို့၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာရှိအထက်တန်းကျောင်းသို့ရောက်ရှိကြပြီးပုလဲမြို့နယ်အတွင်းရှိအသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၅၆၀)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁၆,၈၀၀,၀၀၀) – တစ်ရာခြောက်ဆယ့်ရှစ်သိန်း၊ မသန်စွမ်း (၈၆၄)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၂၅,၉၂၀,၀၀၀) – နှစ်ရာငါးဆယ့် ကိုးသိန်း နှစ်သောင်း၊ မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၃,၆၀၃,၁၀၀) – သုံးဆယ့်ခြောက်သိန်းသုံးထောင့်တစ်ရာတို့ကိုအသီးသီးထောက်ပံ့ပေးခဲ့ ပါသည်။ထို့နောက် ပုလဲမြို့ရှိသမိုင်းဝင်ဆင်မြတ်ရှင်ဘုရားအားသွားရောက်ဖူးမျှော် ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။
အဆိုပါအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရကတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူမှုစီးပွားဖွံ့ြဖိုးတိုးတက်ရေးကိုအကောင်ထည်ဖေါ်လျက်ရှိရာဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များသည် အဓိကအထောက်ကူပြုလျက်ရှိပါကြောင်း၊ ကလေးငယ်ဘဝမှ သက်ကြီးရွယ်အိုအထိတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုနည်းစနစ်ကျစွာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီကာကွယ်စောင့်ရှောက်မှုဖြင့် သာတူညီမျှခံစားရရှိစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ လူသားဘဝအစရက်ပေါင်း(၁,၀၀၀) ကာလအတွင်းကိုယ်ခန္ဓာပုံမှန်ကြီးထွားခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ရင်ခွင်မဲ့ကလေးငယ်များလျော့ချခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်း၊ ရှေးဦးအရွယ်ကလေးသူငယ်များအတွက်နေ့ကလေးထိန်းဌာနများ၊ မူလတန်းကြိုကျောင်းများတိုးချဲ့ဖွင့်လှစ်ခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များရာနှုန်းပြည့် ကျောင်းရောက်ရှိစေရေးနှင့် ကျောင်းထွက်မှုနှုန်းကျဆင်းစေရန်မိသားစုထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အမျိုးသမီးငယ်ရွယ်သူများ၊ အမျိုးသမီးများနှင့် လူငယ်များ၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများအားစောင့်ရှောက်ခြင်း၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများကိုကာကွယ်တားဆီးရေးနှင့် ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ၊ သဘာဝဘေး၊ လူ့ကြောင့်ဖြစ်သောဘေးများ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာစီမံဆောင်ရွက်ခြင်းများသည် လူမှုစီးပွားတိုးတက်ရေး၏ အဟန့်အတားများကိုကျော်လွှားစေပြီး နိုင်ငံတော်ကအဓိကရည်မှန်းသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုပံ့ပိုးမြှင့်တင်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
ယနေ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းထောက်ပံ့ငွေစုစုပေါင်းမှာကျပ် (၁၀၅,၁၇၉,၃၀၀) – တစ်ထောင့်ငါးဆယ့်တစ်သိန်းခုနှစ်သောင်းကိုးထောင် သုံးရာ ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

#hl1_otr
#sgg_jan2019

Source – MSWRR

Sign Up

Upcoming Events