သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

10 Pic 03 10 Pic 04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ကျိုင်းတုံမြို့၊ ပန်လော့ကျေးရွာအုပ်စု အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/သူ (၁၅၀) ဦးတို့အားလည်းကောင်း၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်ထိ နောင်ဆာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၆၀) ဦးအား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန လုပ်ငန်း ဆောင်ရွက်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများ၊ ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့် ပတ်သက်၍ လက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#shn_jan2019

Sign Up

Upcoming Events