လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့် ပြည်သူများကို တွေ့ဆုံအားပေး၍ ပြန်လည်ထူထောင်ရေး ထောက်ပံ့ကူညီ စီစဉ်ဆောင်ရွက်

10 Pic_01    ရေး၊ ဇန်နဝါရီ ၉

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်တို့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ၊လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာ အုပ်စုအောက်ဆိပ် ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး  ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများကို ဆပ်ကပ် လှူဒါန်းပြီး လေဘေးသင့်ပြည်သူများထံသို့  သွားရောက်တွေ့ဆုံအားပေးခြင်းနှင့် လိုအပ်သော ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယဝန်ကြီးနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့အဖွဲ့သည် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာ အုပ်စု အောက်ဆိပ်ကျေးရွာတွင် ဇန်နဝါရီလ၊ ၈ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ နေအိမ်များ၊ စာသင်ကျေားင်းများ ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး ဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် သဘာဝဘေးဒဏ်ခံစားရပါက  အလျင်အမြန်တုံ့ပြန်ခြင်း နှင့် ထိရောက်သော ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပြီး မူလအခြေအနေထက် ပိုမို ကောင်းမွန်အောင် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများ အတွက် လတ်တလောစားသုံးရန် ဆန်ရိက္ခာ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆိုလာမီးအိမ်များကို အစိုးရ၏အစီအစဉ်ဖြင့် ထောက်ပံ့ပေးရန်လာရောက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ငွေဖြင့် ပြည်သူကိုပြန်လည်ထောက်ပံ့ရာတွင် တစ်ဦးချင်းစီ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ခံစားခွင့်ရရှိမည့်သူများအပြည့်အဝ ခံစားရရှိရန် အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန် ရှိသူများက ထိရောက်သောစီမံမှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ တပ်မတော်မှလည်း လိုအပ်သော ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် လိုက်ပါ လာကြောင်း၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များကလည်း ကျေးရွာအတွင်း အပျက်အစီးများအား ကူညီရှင်းလင်း ပေးနေပြီဖြစ်ကြောင်း ထို့ပြင် ကျေးရွာအတွင်းရှိ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာဆက်လက် ပညာသင်ကြားနိုင်ရန်အတွက် အမိုးလန်သွားသောစာသင်ကျောင်း ချက်ချင်းပြုပြင်နိုင်ရန်အတွက် တိုင်းစစ်ဌာန ချုပ်က အမိုးသွပ်များထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ထို့ပြင်မွန်ပြည်နယ်အစိုးရအဖွဲ့ကလည်း နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖေါင်ဒေးရှင်းများ၊ ပုဂ္ဂလိကအလှူရှင်များကလည်း ပူးပေါင်းထောက်ပံ့ ဆောင်ရွက်မှုများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထု အားလုံး ပူးပေါင်းဆောင်ရွက်ပါက အလျင်အမြန် အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လေဘေးသင့်ပြည်သူများအတွက် သွပ်(၃၀၀) ချပ်၊ ဆန်ခေါက်ဆွဲခြောက် နှင့်ကြက်ဥများအားလည်းကောင်း၊ ဒုတိယဝန်ကြီးက လေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၈,၀၇၆,၆၀၀)ကျပ်၊ အဘိုးအဘွား (၂၂)ဦးအတွက် ထောက်ပံ့ငွေ (၆၆၀,၀၀၀)ကျပ်၊ ကိုယ်ဝန်ဆောင်မိခင် (၃၀)ဦးအတွက် ထောက်ပံ့ငွေ (၉၀၀,၀၀၀)ကျပ်၊ မသန်စွမ်း(၁) ဦးအတွက် (၃၀,၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ပြိုကျပျက်စီးလူနေအိမ် (၁၁၄)လုံးအတွက် (၁၁,၄၀၀,၀၀၀)ကျပ်၊ အမိုးလန် တစိတ်တပိုင်းပျက်စီးပျက်စီးလူနေအိမ် (၂၈၂)လုံး အတွက်(၁၄,၁၀၀,၀၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း အမိုးလန်တစိတ်တပိုင်းပျက်စီး (၂) လုံးအတွက် (၂၀၀,၀၀၀)ကျပ်၊ မိသားစုသုံး ကယ်ဆယ်ရေးပစ္စည်း (၃၉၆)ပုံး၊ ဆိုလာမီးအိမ်(၅၀၁)လုံးကိုလည်းကောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့က နေအိမ်များ ပြန်လည်ပြုပြင်တည်ဆောက်ရန် အတွက် ကျပ်(၃၀,၀၀၀,၀၀၀) တို့ကိုလည်းကောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိသားစုသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် တာပေါ်လင်စများကိုလည်းကောင်း အသီးသီးထောက်ပံ့ရာ လေဘေးသင့်ပြည်သူများက လက်ခံရယူပြီး ပြည်သူများကိုယ်စား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး၊ တိုင်းမှုးနှင့်အဖွဲ့သည် ကျေးရွာအတွင်းရှိ လေဘေးသင့် နေအိမ်များအား လှည့်လည်ကြည့်ရှုပြီး လေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

#hl2

#mon_jan2019

Sign Up

Upcoming Events