သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) အချိန်မှ (၁၃း၀၀) နာရီအချိန်ထိ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ၌ ကျေးရွာသူ/သား စုစုပေါင်း အင်အား (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#mon_Oct2018

Sign Up

Upcoming Events