လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ အေးကုန်းနှင့် ပက်ပြဲကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ဓနိမိုးထရံကာနေအိမ် (၅)လုံးပြိုကျပျက်စီးခဲ့သောကြောင့် အိမ်ထောင်စု (၅)စုမှ လူဦးရေ(၁၉) ဦး လေဘေးသင့်ခဲ့ရာ care myanmar အလှူပစ္စည်း (၁) အိမ်ထောင်လျှင် (၁)အိတ်နှုန်းဖြင့် (၅)အိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများကို လေဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၃-၉-၂၀၁၈) ရက်နေ့တွင်ကွင်းဆင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_sep2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)