လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

23_Pic_01

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဂျိုင်လယ်ကျေးရွာတွင် (၂၀-၉-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၂) ဦး အတွက် (၃၇,၃၅၃) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၀၄,၂၀၀) ကျပ်အား (၂၃-၉-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ငွေဆောင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

#ha_sgw

#ayy_sep2018

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events