အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၁၇) လုံးအား သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောက်လုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

16_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ (၂)၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၁၇)လုံး အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောက်လုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ တိုင်းဒေသကြီးတည် ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးကြည်ဆွမ်း၊ လုပ်ငန်းအရည်အသွေးစိစစ်မည့် (QC)အဖွဲ့(၅)ဖွဲ့ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ (၁၀)ခုမှ ကိုယ်စားလှယ်တို့ပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr
#ayy_aug2018
Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events