အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများနှင့် ပက်သက်၍ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ဇွန် ၂၃

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပခုက္ကူမြို့ရှိ ဆုတောင်းပြည့် သီဟိုရှင်နှင့် ရွှေကူမြတ်စွာဘုရားတို့အား ဖူးမျှော်ကြည်ညိုကာ ပန်း၊ရေချမ်း ဆပ်ကပ်လှူဒါန်းပြီး အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟို ကော်မတီ ဒုတိယဥက္ကဌပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ဦးဝင်းမော်ဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းဆွေ၊ ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာခန်းမ(၂)တွင် ကျင်းပပြုလုပ် သည့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝဘေးနှင့်ပက်သက်၍ ရင်ဆိုင်ကြုံတွေ့ရသည့် နိုင်ငံ တစ်နိုင်ငံအဖြစ်ရှိနေပါကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ယခင်ကာလများကဖြစ်နိုင်ခြေရှိသည့် ကာလများ ကိုကြိုတင်ခန့်မှန်းကာပြင်ဆင်မှုများဆောင်ရွက်နိုင်သော်လည်းယခုအချိန်တွင် ရုတ်တရက် ဖြစ်ပေါ်မှုများ ပိုမို များပြားလာပါကြောင်း၊ ရာသီဥတုပြောင်းလဲမှု၏ ဘေးဒဏ်ကိုလည်းပိုမိုခံစားလာရပါကြောင်း၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါကကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားမှသာဘေးဒဏ်ခံရမှုသက်သာမည်ဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သည် သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများသာမကလူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်မှုသည် အရေးကြီး ပါ ကြောင်း၊ လူမှုရေးအသင်းအဖွဲ့များဟုဆိုရာ၌ မြန်မာနိုင်ငံအမျိုးသမီးကော်မတီ အောက်ရှိမြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် အမျိုးသမီးအရေးတက်ကြွစွာ လှုပ်ရှား သူများ အသင်းများသာမကအခြားသော လူမှုရေးအသင်းအဖွဲ့များ ပါပါဝင်ပါကြောင်း လူမှုရေး အသင်း အဖွဲ့ များသည် ပြည်သူလူထုကိုကိုယ်စားပြုသည့်အတွက် ပြည်သူလူထုတစ်ရပ်လုံး ဘေးအန္တရာယ်နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအားသိရှိနိုင်ရန် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် သဘာဝ ဘေးဒဏ်ကိုခံနိုင်စွမ်းရှိသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာရေးကိုအလေး အနက်အကောင် အထည် ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအင်အား၊နိုင်ငံတော် ဘတ်ဂျက်အင်အားနည်းပါးသော်လည်း ဝန်ကြီးဌာနတစ်ခုလုံး အင်အားစိုက် ထုတ်၍ မဆိုင်းမတွတုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း မိမိကိုယ်တိုင် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ သွားရောက်ပြီး ဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးနှစ်သိမ့်ခြင်းထောက်ပံ့ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုခရီးစဉ်သည် ပခုက္ကူမြို့နယ် အနီးဖြတ်သန်းစီးဆင်းနေပြီးတောင်ကျရေကြောင့် လူသေဆုံးခဲ့ရသည့် ရွှေချောင်းချောင်း ရေလမ်းကြောင်း ဖောက်လုပ်ခြင်း၊ မကျီးပင်ပုကျေးရွာအုပ်စု၊ ကျွန်းအိုကျေးရွာရေကာတန်းပြုလုပ်ခြင်းနှင့် ကန်တော်ကန် ကျိုးပေါက်မှုတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသောပရဟိတလူမှုကူညီရေးအသင်းများအတွက် ထောက်ပံ့ ငွေပေးအပ်ခြင်းများဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှလည်းရင်းနှီးပွင့်လင်းစွာဆွေးနွေးပေးပါရန်နှင့် တက်ရောက် လာကြသူများ အားကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဦးဝင်းမော်ဌေးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေချောင်း ချောင်းတူးဖော်ခြင်းအတွက် ထောက်ပံ့ငွေ (၁၂၄.၅၆)သိန်း၊ မကျီးပင်ပုကျေးရွာအုပ်စု၊ ကျွန်းအို ကျေးရွာ ရေကာ တန်းပြုလုပ်ခြင်းအတွက် ထောက်ပံ့ခြင်းငွေ (၅၃.၅၈၈)သိန်းအားလည်းကောင်း၊ ကန်တော်ကန် ကျိုးပေါက် မှုတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသောပရဟိတလူမှုကူညီရေးအသင်း(၅)သင်းအတွက် စက်သုံးဆီဖိုး (၁.၅) သိန်းအားလည်းကောင်းပေးအပ်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူ/ ကျေးရွာသားများမှ လက်ခံရယူခဲ့ကြပါ သည်။ ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက် ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ လူမှုကူညီရေးအသင်းအဖွဲ့များ ကဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့ကပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေချောင်းချောင်းတူးဖော်ထားမှု အခြေအနေများအား မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုမှတဆင့် ကန်တော်ကန်ကျိုးပေါက်ခဲ့မှု အားသွားရောက် ကြည့်ရှုခဲ့ကာဒေသခံပြည်သူများ၏တင်ပြတောင်းဆိုချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေစကြိုမြို့သို့ ထွက်ခွာခဲ့ကြပြီးလိုတရ သာရက္ခန်ရွှေဂူ မြတ်စွာဘုရားအားဖူးမျှော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းကာ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီမြစ်ရေတိုက်စားခြင်းခံနေရသည့် ဗလဘကျေးရွာသို့ ရောက်ရှိကာ ဉာတိကာရုံဘုန်းတော်ကြီးကျောင်း ပရရ်ဝဏ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါး ပြိုကျမှုများ အားကာကွယ် လုပ်ဆောင်ထားသည့်အခြေအနေများကိုကြည့်ရှုခဲ့ပြီး နှစ်ပေါင်း (၈၂၃)နှစ် သက်တမ်းရှိပြီဖြစ်သော ဉာဏ်တော် (၂၇) တောင် ဓမ္မရံသီ(ခေါ်)မြစ်ကမ်းပါးပြန် ရွှေဘုံသာစေတီအား ရေတိုက်စားမှုဒဏ်မှကာကွယ်နိုင်ရန် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် အခြေအနေများအားကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဉာတိကာရုံဆရာတော်အား ဖူးမျော် ကြည်ညိုကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများနှင့်တွေ့ဆုံ၍ ကမ်းပါး ပြိုကျ ကြိုတင်ရွှေ့ပြောင်းအိမ်ထောင်စု(၂) စုအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်း (၂၃၅၇၀ဝိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးအားထောက်ပံ့ပေးအပ်ခဲ့ပါသည်။ထို့နောက် ဓမ္မရံသီ (ခေါ်) မြစ်ကမ်း ပါးပြန် ရွှေဘုံသာစေတီအနီးမြစ်ကမ်းပါးပြိုကျမှုနှင့်  ပျက်စီးဆုံးရှုံးမှုသက်သာစေရန်အတွက် မြစ်ကြောင်း ထိန်း သိမ်း ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေကျပ်(၃၀၀၀၀၀ဝိ/-)အားပေးအပ်ခဲ့ရာ စေတီတော်ဂေါပကနှင့် ရပ်မိရပ်ဖတို့ကလက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်ပက်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ ပြည်သူလူထုများလူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီးအဖွင့် အမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများကဒေသ အတွင်းသဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပက်သက်၍ လိုအပ်ချက်များအားဆွေးနွေးတင်ပြခဲ့ကြရာပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများကပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။

ယခုနှစ်များအတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများသည် ဆုံးရှုံးမှုအများဆုံးဖြစ်ကာ ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရပြီး မြစ်ကမ်းပါးအနီးရှိ ရှေးဟောင်းအဆောက်အဦများ၊ စေတီပုထိုးများပါ ဆုံးရှုံးမှုများရှိနေသဖြင့် ကြိုတင်ကာကွယ်မှုအပိုင်းတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများနှင့်ပူးပေါင်းကာ အလေးထားဆောင်ရွက်ရန် လိုအပ်နေကြောင်း သတင်းရရှိပါသည်။

#hl1

#mgy_jun2018

Sign Up

Upcoming Events