ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ခြောက်ဆယ်အုပ်စုနှင့် မဲဇလီကျေးရွာအုပ်စုတို့တွင် (၁၃-၆-၂၀၁၈) ရက်နေ့နှင့် (၁၅-၆-၂၀၁၈)ရက်နေ့တို့တွင် ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၁) လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၉၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၁) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၁)သိန်း၊ ဆန်ရိက္ခာဖိုး (၂၀၅,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၃၀၅,၈၀၀ိ/-)ကျပ်ကိုလည်းကောင်း၊ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲအုပ်စု၊ လက်သမားကရင်အုပ်စု၊ သဲနုကုန်းအုပ်စု၊ ချင်း ကုန်းအုပ်စု၊ ပိန်းအင်းအုပ်စုနှင့် ယင်းဆယ်ကျေးရွာအုပ်စုတို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့မှ (၁၅-၆-၂၀၁၈)ရက် နေ့ထိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၆) လုံး၊ အမိုးလန်အိမ်ခြေ (၅) လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၄၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၅) အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၆) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၃၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၉၄,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၂၄,၅၀၀ိ/-) ကျပ်ကိုလည်းကောင်း၊ ( ၂၁-၆ -၂၀၁၈) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe

#ha_sgw

#ayy_jun2018

Sign Up

Upcoming Events