လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ သပြေကွင်း၌ (၈-၆-၂၀၁၈) ရက်နေ့ တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ သံတွဲမြို့နယ် မောင်းဆွဲကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ဘေးသင့်ခဲ့သော လုံးဝ ပျက်စီးနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ သံတွဲမြို့နယ်၊ အံတော်ကျေးရွာ၊ တုံးတော ကျေးရွာနှင့် ကြက်စားချောင်းကျေးရွာတို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် လေဘေး ကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးနေအိမ် (၂) လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃) လုံး၊ စုစုပေါင်း နေအိမ် (၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာတို့အား (၂၁-၆-၂၀၁၈)ရက်နေ့တွင် သံတွဲမြို့နယ် ထွေ/အုပ်သို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#rke_jun2018

Sign Up

Upcoming Events