မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို ဖွဲ့စည်းပြီးဖြစ်သဖြင့် ပိုမိုကောင်းမွန် သော ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်းပြောကြား

26 Pic 01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ ဧည့်ခန်းမ၌ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မသန်စွမ်းသူများနှင့် စပ်လျဉ်းပြီး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးကြပါသည်။
ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများဆိုင်ရာ ဥပဒေကို ၂၀၁၅ခုနှစ်တွင် အတည်ပြု ပြဌာန်းခဲ့ပြီး နည်းဥပဒေနှင့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီတို့ကို ထုတ်ပြန်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောင့်ရေးနည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်ရာတွင် မသန်စွမ်းသူများနှင့်ပတ်သက်၍လည်း ဦးစားပေးထည့်သွင်းအလေးပေး ဆောင်ရွက်ပေးနေပါကြောင်း၊ နည်းဥပဒေပေါ်ပေါက်လာပြီဖြစ်၍ အမျိုးသားကော်မတီ၏ ဦးဆောင်ညှိနှိုင်းဆောင်ရွက်မှုဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်ပေးရန် ပိုမိုကောင်းမွန်သော ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မသန်စွမ်းသူများနှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အခြားဆက်စပ်ဝန်ကြီးဌာနများကလည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းနှင့် ပြည်သူအားလုံးကလည်း မသန်စွမ်းများ၏ ရပ်တည်မှုနှင့် ဖံ့ွံဖြိုးတိုးတက်မှု၊ ပြန်လည်ထူထောင်ရေးလိုအပ်မှုတို့ကို သဘောပေါက်လျက် ပါဝင်ဖြည့်ဆည်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းဖြင့်ပြောကြားပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်မှ ဥက္ကဌဖြစ်သူ ဦးအောင်ကိုမြင့်နှင့် အတွင်းရေးမှူးဖြစ်သူ ဦးမြတ်သူဝင်းတို့က မြန်မာနိုင်ငံမသန်စွမ်းသူများ အဖွဲ့ချုပ်၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ မသန်စွမ်းသူများဆိုင်ရာ ဥပဒေ (၂၀၁၅)ပါ အသေးစိတ်အချက်လက်များနှင့် ပတ်သက်၍ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ ပါသည်။

Sign Up

Upcoming Events