ကလေးမြို့နယ်၊ တောင်ဦးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့မှုသတင်း

25_pic01

ကလေးဒေသနှင့် ချင်းပြည်နည်မြောက်ပိုင်း၌ (၁၉-၉-၂၀၁၇) ရက်နေ့မှ (၂၁-၉-၂၀၁၇) ရက်နေ့ထိ ကလေးဒေသနှင့် ချင်းပြည်နည်မြောက်ပိုင်း၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ မြစ်သာမြစ်သည် စိုးရိမ်ရေမှတ်ထက်ကျော်လွန်မြင့်တက်လာသည့်အတွက် ကလေးမြို့နယ်၊ တောင်ဦးကျေးရွာရှိ ရေဘေးသင့်ပြည်သူများသည် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ရေဘေးရှောင်ကြရာ ဆန်ရိက္ခာဖိုးငွေထောက်ပံ့ရန် စာရင်းကျန်ရှိသည့် အိမ်ခြေ (၄၀)၊ အိမ်ထောင်စု (၄၀)၊ လူဦးရေ (၁၇၁) ဦးတို့အတွက် ဆန်ဖိုးငွေ စုစုပေါင်း (၃၅၉၁၀၀) ကျပ်အား (၂၄-၉-၂၀၁၇) ရက်နေ့၊ နေ့လည်ပိုင်းတွင် ကလေးခရိုင်ဦးစီးရုံးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေဘေးသင့်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ကလေးဒေသရေကြီးမှုဖြစ်စဉ်၌ (၂၄-၉-၂၀၁၇) ရက်နေ့အထိ အိမ်ခြေ (၂၁၈၉)၊ အိမ်ထောင်စု (၂၂၈၁) စု၊ လူဦးရေ (၁၀၃၆၉) ဦးအတွက် ထောက်ပံ့ခဲ့သည့် ဆန်ရိက္ခာဖိုးငွေမှာ ငွေကျပ် (၂၁၇၇၄၉၀၀) ဖြစ်ကြောင်း သိရှိရပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events