မြေပြိုဘေးထောက်ပ့ံမှုသတင်း

23Pic-02လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထျိုမြို့နယ်တွင် (၂၀-၇-၂၀၁၇) ရက်နေ့မှ (၂၁-၇-၂၀၁၇) ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် သိမ်ဇရပ်ကျေးရွာ၊ ရွာမရပ်ကွက်တွင် အိမ်ခြေ(၃)လုံး ပြိုကျပျက်စီးပြီး အိမ်ခြေ(၅)လုံးတစ်စိတ်ပိုင်း ပျက်ခဲ့မှုအတွက် ပြိုကျ အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၃)ပုံး၊ တစ်စိတ်ပိုင်းပျက်စီးမှုအ တွက် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးပါ (၅)ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀၀)၊ ဒဏ်လူရာရ သူတစ်ဦးအတွက် (၅၀၀၀၀)လူဦးရေ (၃၅ ) ဦးအတွက် ဆန်(၇)ရက်စာ (၇၃၅၀၀)၊ မုပ္ပလင်ကျေးရွာ ၊ကျောက်ဆိပ်ပိုင်းတွင် အိမ်ခြေ (၄)လုံး ပြိုကျ ပျက်စီးပြီး အိမ်ခြေ(၃)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးပြိုကျ အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ (၄)ပုံး၊ တစ်စိတ်ပိုင်းပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးပါ (၃)ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀) လူဦးရေ ( ၉၁) ဦး အတွက် ဆန်(၇)ရက်စာ (၁၉၁၁၀၀ )၊ စုစုပေါင်းထောက်ပ့ံငွေ(၁၁၉၄၁၁၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း Family kit (၇) အိတ်တို့အား (၂၂-၇-၂၀၁၇) ရက်နေ့တွင် မြေပြိုဘေး ဖြစ် ပွားသည့် ကျေးရွာများသို့ သွားေ ရာက်ထောက်ပ့ံခဲ့ ကြောင်းသတင်းရ ရှိပါသည်။Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events