ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

19_Pic_01

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး တိုင်းဒေသကြီး၊ စလင်း မြို့နယ်၊ ကျောက်ရဲကျွန်းကျေးရွာတွင် (၁၆-၆-၂၀၁၇) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ (၂၁) လုံး၊ အိမ်ထောင်စု (၂၁) စု၊ လူဦးရေ (၇၁) ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၄၉၁၀၀/-) ကျပ် ၊ စုစုပေါင်း (၂၂၄၉၁၀၀/-) ကျပ်နှင့် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events