က‌လေးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံသို့ ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်း ထောက်ပံ့ပေးမှုသတင်း

kl22

(၂၇-၃-၂၀၁၇) ရက်နေ့၊ (၁၁:ဝ၀)နာရီတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်ဦးစီးမှူးရုံးခန်း၌ အမိုးလန်ကျေး ရွာများဖြစ်သော ကျောင်းတိုက်ကျေးရွာရှိ အိမ်ထောင်စု (၃) စုစာ ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးု၊ နတ်ကြီးကုန်း( ပျဉ်း) ကျေးရွာရှိ အိမ်ထောင်စု (၃၆) စုစာ ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးု၊ ထောက်ကြန့်ကျေးရွာရှိ အိမ်ထောင်စု (၁၅) စုစာ ကယ်ဆယ်ရေးပစ္စည်း ( ၅) မျိုးုနှင့် ပျဉ်းတောဦးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၂၉) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးုတို့ကို သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်မှူးများထံသို့ လွှဲပြောင်းထောက် ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events