လေဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၂၀-၃-၂၀၁၇) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဇောပူဂျာကျေးရွာ၌ လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၅၃,၆၀၀) ကျပ်၊ စက်ရုံစုရပ်ကွက်၊ ကသဲရပ်ကွက်၊ ဆေးသမားကြီးကျေးရွာ၊ ဘောဒူဖကျေးရွာနှင့် ဘာဆာရာကျေးရွာတို့တွင် အမိုးလန်နေအိမ် စုစုပေါင်း (၂၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ခြေ (၁) လုံးလျှင် (၂၀,၀၀၀) ကျပ်ဖြင့် (၂၇) အိမ်အတွက် (၅၄၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၆၂,၉၀၀) ကျပ်နှင့် သက္ကေပြင်စခန်းအမိုးလန်အတွက် (၂၀,၀၀၀)ကျပ်၊ စုစုပေါင်း (၇၇၆,၅၀၀) ကျပ်တို့အား (၂၃-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events