ချင်းပြည်နယ်၊ ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း

 

17176018_1466786616679271_1906954828_o  17195225_1466787726679160_388486396_o17148796_1466787813345818_1826903010_o17142506_1466787093345890_1961815149_o

(၆-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် IOM (International Organization for Migration) တို့ ပူးပေါင်း၍ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ (ပြည်နယ်အဆင့် အရာထမ်း/အမှုထမ်း) များအတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ု ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းတက်ရောက်မည့်သင်တန်းသားဦးရေ (၂၇) ဦး စုစုပေါင်း (၅၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၆-၃-၂၀၁၇) ရက်နေ့မှ (၁၀-၃-၂၀၁၇) ရက်နေ့ထိ ဖြစ်ကြောင်း သိရှိရပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events