(၅-၃-၂၀၁၇) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၉) ရပ်ကွက်၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၅) လုံး အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၅၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆီ၊ ဆန်၊ ရေသန့်၊ အဝတ်ထုပ်၊ Family Kits၊ ဆန်ရိက္ခာဖိုးငွေ (၁၁၉၇၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀) ကျပ်တိတိတို့အား ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများထံ (၆-၃-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)