သရက်ခရိုင်၊ အောင်လံမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ DAN Mobile Application နှင့် DAN Mobile Application Sticker များ ဖြန့်ဝေမှုသတင်း

11_pic01 11_pic02

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ရက် ၁၀၀ အလွန်ဆောင်ရွက်မည့်စီမံကိန်းများအရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်၊ အောင်လံမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့်စနစ်များပါဝင်သည့် DAN Mobile Application အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events