ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း တွင် အမိုးနီးယားဓါတ်ငွေ့အနံ့ဆိုးများယိုစိမ့်ထွက်ပေါ်မှုကြောင့် ကျန်းမာရေးထိခိုက်ခံစားရသူများ အား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် (၁၂-၁-၂၀၂၃) ရက်နေ့ (၂၀:၅၀)နာရီမှ(၂၃:၀၅)အချိန်ထိ အမှတ်(၁၉)ရှိ ရတနာစုကုမ္ပဏီအတွင်း ရေသန့်ရေခဲတုံး ပြုလုပ်ရန်အတွက် အသုံးပြုသောအမိုးနီးယားဓါတ်ငွေ့အိုး၏ အဖွင့်/အပိတ်ဘားမှတစ်ဆင့် အမိုးနီ းယားဓါတ်ငွေ့အနံ့ဆိုးများ ယိုစိမ့်ထွက်ပေါ်မှု‌ေကြာင့် ကျန်းမာရေးထိခိုက်ခံစားရသူ ကျား(၅)ဦးနှင့် မ(၇)ဦး၊ စုစုပေါင်း(၁၂)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ မ(၁)ဦး အားမြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ကျား(၇)ဦး၊မ(၉)ဦးစုစုပေါင်း (၁၆)ဦးအား အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် လည်ကောင်း၊ စုစုပေါင်းဆေးရုံတက်ရောက်သူ (၂၉)ဦး အတွက် ထောက်ပံ့ငွေ(၁)ဦးလျှင် (၅၀,၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်းထောင်ပံ့ငွေ(၁,၄၅၀,၀၀ဝိ/-)အား (၁၃-၁-၂၀၂၃)ရက်နေ့ (၁၅:၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ygn_jan2023

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events