ချောင်းဆုံမြို့နယ်၊ အ.ထ.က(သက္ကော) စာသင်ကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာတို့နှင့် ပူးပေါင်းပြီး ဦးစီးဌာန(၁)ခုချင်းစီနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ သဘာဝဘေးန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင် ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဗီနိုင်းပိုစတာများပေးအပ်ခြင်း လုပ်ငန်းများအား (၁၅-၁၁-၂၀၂၂)ရက်နေ့၊ (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်အထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က(သက္ကော) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၁၆၁)ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_nov2022

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events