အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဦးစီးဌာန(၁)ခုချင်းစီနှင့်ပတ်သက်သည့် အသိပညာပေးခြင်း၊ သဘာဝဘေးန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများအား (၂၀-၉-၂၀၂၂)ရက်နေ့၊ (၁၀:၀၀) နာရီမှ(၁၂:၀၀)နာရီအချိန်အထိ ချောင်းဆုံမြို့နယ်၊ အ.ထ.က(ကလွီ) စာသင်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၁၆၆)ဦးခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mon_sep2022

Source:ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events