တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်   (၃၀-၈-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊မ​လေးရှားဝိုင်ကျေးရွာအုပ်စု၊ရေစက်တောင်ကျေးရွာတွင်တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀,၀၀ဝိ/-)၊ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝိ/-)အားလည်းကောင်း၊  (၃၁-၈-၂၀၂၂)ရက်နေ့ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ နှင်းဆီမြိုင်ကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၀၀ဝိ/-)၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၆,၃၀ဝိ/-)အားလည်းကောင်း၊ (၁-၉-၂၀၂၂)ရက်နေ့ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွင် တောဆင်ရိုင်းဝင်ရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းအိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀,၀၀ဝိ/-)၊  လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ ဖိုးငွေ(၁၄,၇၀ဝိ/-) အား လည်းကောင်း (၉-၉-၂၀၂၂)ရက်နေ့တွင် တိုက်ကြီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#ygn_sep2022

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events