အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ (၂၇-၆-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) အချိန်မှ (၁၂:၀၀)အချိန်ထိ လားရှိုးမြို့၊ အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့်  “မူးယစ်အန္တရာယ် လူ့ရန်စွယ်”ခေါင်းစဉ်ဖြင့် မူးယစ်ဆေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့၏ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက် ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကျောင်းသုံးစာရေးကိရိယာ များ၊  လက်ဆေးဆပ်ပြာဆီများနှင့် အဝတ်Mask များအား ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jun2022

Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events