မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၀-၂-၂၀၂၁) ရက်နေ့၌ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာအုပ်စု၊ အရှေ့ပိုင်းရပ်တွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ်(၁)လုံးမှအိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာ တန်ဖိုးငွေ(၄၉,၀၃၆/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝိ/-)နှင့် မီးဘေးသင့် လူဦးရေ(၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ(၁၂,၆၀ဝိ/-)တို့အား (၂၂-၂-၂၀၂၁)ရက်နေ့၊ (၁၆:၀၀)နာရီ အချိန်တွင် မီးဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mon_feb2021

Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events