Category Archives: News
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၃.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပိန်းချစ်ကျေးရွာအုပ်စု၊ ဆိုမိုကျေးရွာ နှင့် လွိုင်လင်လေးကျေးရွာအုပ်စု၊ ဒေါတနောကျေးရွာနေ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေ ရေးအတွက် သိရှိလိုက်နာရန်အချက်မျာကို အသိပညာဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ နံရံကပ်စာစောင်များ ကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ (၁-၄-၂၀၂၀)ရက်နေ့၌ (၁၂၃၀)နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ ပြည်သူများသို့ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁ဝ:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ချောင်းဆုံအရှေ့ရပ်ကွက်နှင့် ချောင်းဆုံအနောက် ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂) ရပ်ကွက်တွင် (၀၉:၁၅)နာရီအချိန်၌လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်တွင် (၁၀:၁၀) နာရီအချိန်၌လည်းကောင်း၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာတွင် (၁၀:၃၀) နာရီအချိန်၌လည်းကောင်း၊ သဲကုန်းကျေးရွာတွင် (၁၀:၄၅) နာရီ အချိန်၌လည်းကောင်း၊ သဘော့ကန်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာတွင် (၁၁:၁၀)နာရီအချိန်၌လည်းကောင်း၊ သဲကုန်း ကျေးရွာအုပ်စု၊ ကျူတောကျေးရွာတွင် (၁၁:၃၀) နာရီအချိန်၌လည်းကောင်း၊ ဝက်သေကျေးရွာတွင် (၁၁:၅၀) နာရီအချိန်၌ လည်းကောင်း၊ နွယ်ညိုချောင်း ကျေးရွာတွင် (၁၂:၃၀) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အများပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁ဝ:၃၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ရပ်ကွက်နှင့် ချောင်းဆုံအနောက်ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၈:၀၀)နာရီမှ စတင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်၊ ဆရာစံရပ်ကွက်နှင့် ဗိုလ်တေဇရပ်ကွက်တို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၇) ရွာ၌ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များ လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်ပေးရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မေတ္တာမွန်လူမှုကူညီရေးအသင်းနှင့်ပူးပေါင်းပြီး (၁-၄-၂၀၂၀)ရက်နေ့ (၁၈:၀၀)အချိန်၌ မိုးညှင်းမြို့၊ နားခါရပ်ကွက်နှင့် အုတ်ကျင်းရပ်ကွက်တို့တွင် လှည့်လည်ပြီး COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား အသိပညာပေးဆော်သြခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်၊ (၀၉:၀၀) နာရီတွင် စစ်တွေမြို့၊ အုန်းတောကြီးတောင်နှင့် အုန်းတောကြီး မြောက် IDP စခန်းများ၌ စခန်းနေပြည်သူများအတွက် Covid-19 ကူးဆက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စခန်းကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 အသိပညာပေးခြင်းကို (၁-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) မှ (၁၉:၃၀) ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်းရှိ ဆင်သေကျေးရွာ၊ ကင်းတော်ကျေးရွာ၊ လက်ဖက်ခင်းကျေးရွာနှင့် ကချင်စုကျေးရွာများတွင် COVID-19 အသိပညာပေးခြင်းကို လှည့်လည်ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)









