Category Archives: News
-
Covid-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး နှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် (၁၀:၀၀) နာရီမှ (၁၃:၀၀) နာရီအချိန်အထိ ကျိုက်မရောမြို့နယ်ရှိ အထရံရပ်ကွက်၊ အောင်သုခရပ်ကွက်နှင့် ရှင်စောပုရပ်ကွက်များသို့လှည့်လည်ပြီး(Covid-19)ကူးစက်မြန်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ရပ်ကွက်ကျေးရွာနေပြည်သူများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ (၁၃း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ တယ်ချောင်းကျေးရွာအုပ်စုအတွင်း၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို Hand Speaker ၊ Loud Speaker များဖြင့် ကျေးရွာများအတွင်းလှည့်လှည်၍ အသိပညာပေးနှိုးဆော်များ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ငါတို့ကျေးရွာ၊ အင်းလယ်ကြီးကျေးရွာ၊ ညောင်ပင်ရွာမနှင့် ရွာသစ် ကျေးရွာများသို့ သွားရောက်ပြီး COVID-19 ရောဂါ ကူးစက်ပျံ့ နှံ့မှု မဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက် ၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကျေးရွာသူ/ကျေးရွာသားများအား အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: … Read more
-
Covid-19ကူးစက်ရောဂါနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် (၀၈:၀၀) နာရီမှ စတင်၍(၁၃:၀၀)အချိန်ထိ ရေစကြိုမြို့၊ သာစည်ကျေးရွာအုပ်စု၊သာစည်ကျေးရွာ၊ နှောပင်ကျေးရွာနှင့် ကျောက်ခတ်ကျွန်းကျေးရွာများသို့ COVID-19ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် လောက်ကိုင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ လောက်ကိုင်မြို့နယ် တုန်ချိန်စျေးနှင့် တုန်ချိန်နယ်မြေတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာ၊ စက်ကုန်း ကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_apr2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံ(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှုးရုံးမှတာဝန်ရှိသူများသည် အလင်းရောင် ပရဟိတလူမှုကူညီရေးအသင်းနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)နှင့် (ခ)ကျေးရွာကျေးရွာအတွင်းရှိ ဝမ်ပုံကျေးရွာ၊ ဝမ်တုံကျေးရွာ၊ နမ့်ယုတ်ကျေးရွာ စသည့်ကျေးရွာ၌ ovid-19ရောဂါ ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးနှင့် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူထံ အသိပေးပန်ကြားခြင်းကို အသံချဲ့စက်ကိုအသုံးပြုပြီး ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည် ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက် ခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာ ရပ်မိ/ဖ များနှင့် ပူးပေါင်းပြီး (၂.၄.၂၀၂၀) ရက်နေ့တွင် ဖဲဂဇက်ကျေးရွာတွင် COVID.19 ရောဂါကူးစက်ပြန့်ပွါးမှုမရှိစေရေး ပြည်သူများအလွယ်တကူသိစေနိုင်ရေး အသိပညာပေးလှည့်လည်ကြေငြာခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များအားဖြန့်ဝေခြင်း၊ လူစည်ကားရာနေများတွင် အသိပညာပေးစာစောင်များ နံရံပေါ်တွင် ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာ၀န်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့၌ လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာနှင့် ပန်ဟွန်းကျေးရွာတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၂-၄-၂၀၂၀)ရက်နေ့ နံနက်(9:00)နာရီချိန်မှ (12:00) ချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ ချောင်းတောင်ကျေးရွာ၊ ကော့နွဲကျေးရွာနှင့် ရန်ကုတ်ကျေးရွာတို့၌ COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်းနှင့် ပြည်သူသို့ ပန်ကြားချက်များအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









