Category Archives: News
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) အချိန်၌ မိုးကောင်းမြို့နယ်၊ နတ်ကြီးကုန်းရပ်ကွက်၊ နှစ်ခြင်းမူကြိုဘုရားကျောင်း IDPs စခန်းရှိနှင့် (၁၂:၃၀) အချိန်၌ မြို့ဦးရပ်ကွက်နှင့် နောင်ကိုင်တော်ရပ်ကွက်တို့မှ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ လိုက်နာရမည့် အချက်များကို အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး IDPs စခန်းရှိ၊ အိမ်ထောင်စု (၁၀) စု အတွက် (၁)စု လျှင် ဆပ်ပြာ(၁)တောင့် နှုန်းဖြင့် (၁၀) တောင့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ မန်ဂျက်အုပ်စု၊ မန်ဂျက်ကျေးရွာနှင့် ခိုတင်ကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းကို Hand Speaker ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့ ရွှေဝါကျေးရွာ၊ မော်ဟွေ့ကျေးရွာနှင့် ဟင်းနားကျေးရွာတို့၌ Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်နှင့် ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီမှ (၁၂:၀၀)နာရီချိန်အထိသံတွဲမြို့နယ်မြို့ပြင်ကျးရွာ၊ လင်းမူးတောင်ကျေးရွာ၊ ပြည့်ဝကျေးရွာအတွင်းလှည့်လည်ပြီးကို ရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအားပြည်သူလူထုသို့ အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ဘခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာအုပ်စုရှိ ကျူချောင်ကျေးရွာ၊ ဇရစ်ချောင်ကျေးရွာ၊ သံတံတာကျေးရွာနှင့် စကကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည် အသိပေး ကြေငြာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_apr2020
-
COVID- 19 ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောမှုသတင်း
(၂-၄-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ယနေ့ဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ COVID- 19 ကြိုတင်ကာကွယ်ရေး နည်းလမ်းများမှတစ်ခုဖြစ်သော အသိပညာပေးပန်ကြားခြင်းအား လင်းခေးမြို့နယ်၊ ဒါးဆိပ် ကျေးရွာအုပ်စု၊ ဒါးဆိပ်ကျေးရွာတွင် မြန်မာ၊ ရှမ်း (၂) ဘာသာဖြင့် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့(၈း၀၀)မှ(၁၁း၀၀) အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မအူကန်ရပ်ကွက်၊ ဘီးလင်းတန်းရပ်ကွက်၊ မင်းရပ်ရပ်ကွက်၊ မြို့မရပ်ကွက် တို့တွင်လှည့်လည်ကြေငြာခဲ့ပြီး ထိုမှတဆင့်ဆက်လက်၍ (၁၂း၀၀)မှ(၁၄း၃၀)အချိန်ထိ သာယာဝတီမြို့နယ်ဈေးရပ်ကွက်၊ ကွက်သစ်ရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ ကျောင်းစုရပ်ကွက်၊ ကရင်စုရပ်ကွက်၊ ရေဝေရပ်ကွက်၊ ရွာကြီးကုန်းရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့အတွင်း မော်တော်ကားဖြင့်အသံချဲ့စက်၊ လော်စပီကာ၊ handspeaker များဖြင့်Covid-19ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့၊ (၀၈:၃၅) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းကျေးရွာအုပ်စု၊ ဆင်ဂေါင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၄)လုံးနှင့် ကြိုတင်ဖျက်သိမ်းနေအိမ်(၁)လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၇,၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၂၇,၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (ပလပ်စတစ်ပုံး အပါ) (၄)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာတို့အား (၂-၄-၂၀၂၀)ရက်နေ့ (၁၅:ဝဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်၊ (၀၉:၀၀)နာရီတွင် စစ်တွေမြို့ ၊ ခေါင်းဒုက္ခာ(၁)နှင့် ခေါင်းဒုက္ခာ(၂)IDP စခန်းများ၌ စခန်းနေပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စခန်းကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၄.၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ မြို့မရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ရွှေကျီးနား ရပ်ကွက်နှင့် မိုးဖိန်းကျေးရွာ၊ တာမိုင်လုံကျေးရွာ စုစုပေါင်းရပ်ကွက် (၃) ခု၊ ကျေးရွာ(၂)ရွာအတွင်းသို့ သုညသုခပရဟိတ လူငယ်အသင်းနှင့်အတူလှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speakerများဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 … Read more









