Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အောက်ကွင်းကျေးရွာအုပ်စု (အောက်ကွင်းကျေးရွာနှင့်စံပြကျေးရွာ)၊ မှော်ဘီကျေးရွာအုပ်စု (မှော်ဘီ ကျေးရွာ)၊ အောင်သာယာကျေးရွာအုပ်စု(အောင်သာယာ ကျေးရွာ၊အခြာလေးကျေးရွာနှင့် အခြာကြီး ကျေးရွာ)၊ သမိန်ထောသိမ်ကုန်း ကျေးရွာအုပ်စု (သမိန်ထောသိမ်ကုန်း ကျေးရွာ)၊ သမိန်ထောကုန်းတန်း ကျေးရွာအုပ်စု (သမိန်ထောကုန်းတန်းကျေးရွာ) များ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ တို့နှင့် အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု စက်ဆန်းကျေးရွာတွင် (၀၈:၃၀) နာရီ၌လည်းကောင်း အောင်ချမ်းသာကျေးရွာ တွင် (၁၂:၀၀) နာရီ၌လည်းကောင်း အစိကြီးကျေးရွာတွင် (၁၄:၀၀) နာရီ၌လည်းကောင်း အစိလေးကျေးရွာတွင် (၁၆:၀၀) နာရီ၌လည်းကောင်း Covid -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များ နှိုးဆော်ခြင်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနား မြို့နယ်ရှိ လယ်ကုန်းဗက်လင်နှစ်ခြင်း IDPs စခန်းရှိ အိမ်ထောင်စု(၆၀)စုအတွက် ဆပ်ပြာခဲ(၆၀)ပေးအပ်ခဲ့ပြီး၊ ဒူကထောင်ရပ်ကွက်၊ စီတာပူရပ်ကွက်၊ အောင်နန်းရပ်ကွက် တို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့် လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၀၈:၃၀) နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်အဝင်အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များ တိုင်းတာပေးခြင်းနှင့် ပြည်တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိ သူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ် အတွင်းရှိ နမ့်ဟူးတောင်း (အထက်)ကျေးရွာ၊ နမ့်ဟူတောင်း (အောက်) ကျေးရွာ၊ မန့်နားကျေးရွာ၊ မိုင်းတင်း ကျေးရွာ၊ နမ့်ဆော့ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID-19 နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက် အသိပညာပေးခြင်းကို မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် လှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာများလှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းရွာ ၊ ဆီဆုံရွာ၊ မိုးနှံရွာ၊ သရက်ခုံကျေးရွာအုပ်စု၊သရက်ခုံရွာ၊ အင်ကြောစင်ရွာ၊ ညောင်ပင်သာရွာ၊ နနွင်းတော့ကျေးရွာအုပ်စု၊ ကျောက္ကာရွာ၊ မင်းကုန်းရွာ၊ ရွာမရွာ၊ ပန်းတင်ရွာ၊ရေကန်သာအုပ်စု၊ ရေကန်သာရွာ၊ လွယ်မောက်တောင်ရွာ၊ တောင်ယာကြီး တောရွာ၊ သက္ကယ်ကျင်းရွာ၊ သဖန်းကုန်းရွာ၊ လွှဲမောက်ရွာ၊ဂွေးချိုရွာ၊ နတ်ရေတွင်းရွာ၊ အင်ပင်သာ အုပ်စု၊ အင်ပင်သာရွာ၊ စစ်တောရွာ၊ ကသစ်ကုန်းရွာ၊ လက်ပံရှိုရွာ၊ ကပ္ဖလူးရွာ၊ဇီးကုန်းရွာ ၊ဝါးရုံခုံရွာ၊ ဝါးရုံခုံကျေးရွာအုပ်စု၊ ဝါးရုံခုံရွာ၊ ကြုံခုံရွာ၊ ဇီးခုံရွာ၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ(၁၈:၂၀) နာရီအချိန်ထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဧလာမြို့ပေါ်ရပ်ကွက် (၄)ရက်ကွက်များဖြစ်သည့် မြို့သစ်၊ ရွာမ၊ ရွာသစ်၊ စက်ပိုင်းနှင့် ရန်ကင်းရွာ၊ဧလာကျေးရွာအုပ်စု၊ ဇေယျသိန်ကျေးရွာ၊ ရေလည်ကွေ့ကျေးရွာ၊ အင်တောသာကျေးရွာ၊ ဆင်စုကျေးရွာ၊ ရန်ကင်းကျေးရွာ၊ ကုလားကျေးရွာ၊ ဒိုဘီကုန်းကျေးရွာအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ဆောင်ရွက်မှုသတင်း
(၂-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ၊ ကျောက်ဖျာကျေးရွာ၊ ကဘင်ကျေးရွာ၊ အထူးဆိပ်ကျေးရွာတို့တွင်လည်းကောင်း၊ ညနေတွင် မြိတ်မြို့နယ်၊ ကန်ခေါင်းရပ်ကွက်၌ လည်းကောင်း COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာများကပ် ခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအဖွဲ့များ ပူးပေါင်း၍ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး … Read more
-
COVID_19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့(၀၈း၃၀) အချိန်မှ (၁၇း၃၀) အချိန်အထိ ယင်းမာပင်မြို့နယ်အတွင်းရှိ ရင်ပေါင်တိုင်ကျေးရွာ၊ ပဲခင်းမရွာ၊ ရွှေလှံကျေးရွာ၊ ဆင်တဲကျေးရွာ၊ မင်းမကုန်းကျေးရွာ၊ ဆုံရွာ၊ ပြောင်းပြာကျေးရွာ၊ လက်လှုပ်ကျေးရွာ၊ စားတော်ပြင်ကျေးရွာနှင့် မြို့ပေါ်ကျေးရွာများတွင် အသံချဲ့စက်ဖြင့် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေးကွန်ယက်နှင့်အတူ လိုက်လံအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။ #ar #sgg_apr2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့တွင် ဝက်လက်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖွဲ့နှင့် အတူ ကျေးသီးကုန်းကျေးရွာ၊ ယင်းတောကျေးရွာ၊ စင်းတဝဲကျေးရွာ စာသင်ကျောင်း များတွင် ထားရှိသည့် စောင့်ကြည့်လူနာများအား လိုက်လံကြည့်ရှု့ခြင်း၊ ရေသန့်ဗူး များဝေငှပေးခြင်းနှင့် ၎င်းကျေးရွာများတွင် covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွား စေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_apr2020









