Category Archives: News
-
COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃-၄-၂၀၂၀)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ၊ ရွှေလောင်း မြို့ပေါ်ရှိ ရပ်ကွက်များတွင် လက်တလော နိုင်ငံအသီးသီး တွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr 2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် အတူပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့၊ (၀၉းဝ၀)နာရီအချိန်မှ (၁၂းဝ၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ရာဇူတိုင်ကညင်ချောင်းကျေးရွာအုပ်စုအတွင်း၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို Hand Speaker ၊ Loud Speaker များဖြင့် ကျေးရွာများအတွင်းလှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲ မြို့နယ်၊ စစ္စေးချောင်းကျေးရွာအုပ်စု၊ စစ္စေချောင်းကျေးရွာမင်းကန်ကျေးရွာနှင့် သားပိုးကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_apr2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့တွင် ကံဘက်အုပ်စု သာယာကုန်းကျေးရွာအတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကာကွယ် တားဆီး ထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေးပန်ကြားချက်များ လှည့်လည်ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid – 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာ၊ ဘိုရားကြီးကျေးရွာ၊ မုက္ခမူကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာ များတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ချောက်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ဇီးချိုပင်ကျေးရွာနှင့် နှောပင်အင်းကျေးရွာများသို့ covid 19ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၀၈:၃၀) အချိန်မှစတင်၍ (၁၅:၃၀) အချိန်ထိ ယင်းမာပင်မြို့နယ်အတွင်းရှိ ကုန်းရွာကျေးရွာ၊ ဇီးတောကျေးရွာ၊ ဆင်စွယ်ကျေးရွာ၊ အင်တောကျေးရွာ၊လက္ကပြားကျေးရွာ၊ ကပိုင်ကျေးရွာ၊ မောက်လှုပ်ကျေးရွာ၊ အထက် ငါးနန်းကျေးရွာ၊ အောက်ငါးနန်းကျေးရွာ၊ တမာပင်ခွကျေးရွာ၊ မင်းကံကြီးကျေးရွာ၊ ညောင်ပင်ကြီး ကျေးရွာနှင့် လည်ငေါက်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် Covid 19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ် စေရန်နှင့်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့နယ် လူမှုကူညီရေး ကွန်ယက်နှင့်အတူ လိုက်လံအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် အသိပညာပေးလက် ကမ်းစာစောင် … Read more
-
(Covid-19)လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးလှည့်လည်ကြေညာခြင်းများဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ ထား၀ယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်၊ ဘုမ္မော်ရပ်ကွက်တို့တွင် လော်စပီကာ တို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထာသော (Covid-19)ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_apr 2020 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid – 19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ပဒံငံလေးကျေးရွာ၊ ပဒံငံကြီးကျေးရွာ၊ ကွမ်သတ်ကျေးရွာ၊ ကျုံကဒါတ်ကျေးရွာ၊ တောင်ဖလု ကျေးရွာနှင့် ဝါခရူကျေးရွာများသို့ သွားရောက်၍ COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများနှင့် COVID – 19 ရောဂါ အသိပညာပေးလက်ကမ်း စောင်များအား … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ နောင်လိုင်းကျေးရွာအုပ်စု၊ နမ့် မော်လုံကျေးရွာ၌ (၂-၄-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်ခန့်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် နမ့်မော်လုံဘုန်းကြီးကျောင်း သွပ်မိုး၊ ပျဉ်ကာ (၂) ထပ် အမိုးလန် ကျောင်းဆောင် (၁) လုံး၊ သံဃာဦးရေ (၈) ပါးတို့အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ/-) ကျပ်နှင့် ဆွမ်းရိက္ခာဖိုးထောက်ပံ့ငွေ(၁၆,၈၀၀/-) ကျပ် စုစုပေါင်း (၁၀၆,၈၀၀/-) ကျပ်တို့အား (၃-၄-၂၀၂၀) … Read more









