Category Archives: News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး တို့နှင့်ပူးပေါင်း၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြို့မရပ်ကွက်၊ မြို့မရပ်ကွက်များတွင်လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်၊ ဝေဠုဝန်တောင်၊ မုန့်လက်ဆောင်းကုန်းတောင်၊မုန့်လက်ဆောင်းကုန်းမြောက်၊ကျွန်းတောအလယ်၊ကျွန်းတောတောင်၊လင်းလွန်းမြောက်/တောင်၊စမ်းချောင်းမြောက်/တောင်ရပ်ကွက်များတွင် လည်းကောင်း၊ MyanmarNGONetworkမှဒလမြို့နယ် ဗညားဒလရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်နှစ်ခုအား အဖွဲ့ဝင်(၉)ဦးတို့ဖြင့် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ အသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား အရာထမ်းအမှုထမ်းများ၊ လူမှုရေးအသင်းဝင်လူငယ်များ၊ ရပ်ကွက်များအတွင်းကြောငြာခြင်း၊ ဖြန်ဝေခြင်း … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့ နံနက် (၀၈:၀၀)နာရီအချိန်မှ စတင်ပြီး လေးမျက်နှာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက် စိန်အောင်မင်း လမ်းဆုံတို့တွင်လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ဆီဆုံကျေးရွာအုပ်စု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ (၃-၄-၂၀၂၀) ရက်နေ့၌ (၁၂:၀၀) နာရီအချိန်တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက် ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေပြည်သူတို့အား အသိ ပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယား ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၄.၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ မှုံပြာကျေးရွာ နေ မိဘပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးအတွက် သိရှိလိုက်နာရန်အချက်မျာကို အသိပညာ ဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ နံရံကပ်စာစောင်များကပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_apr2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်တွင် (၃-၄-၂၀၂၀)ရက်နေ့၌ မီးလောင်မှုဖြစ်ပွား ခဲ့ရာ နေအိမ်(၃)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊နေအိမ်(၁)လုံးတစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့ရာ၊ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၁၅)ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်အိမ်ခြေ(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၇၀၀,၀၀ဝ) ကျပ်၊လူဦးရေ(၁၅)ဦးအတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၃၁,၅၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၄)အိမ်ထောင်စုစာတို့အား (၃-၄-၂၀၂၀) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #ygn_apr2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များကို အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀)ရက်နေ့ (၇:၀၀)နာရီအချိန်မှ စတင်၍ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာ၊ အိုင်ပေါင်းချောင်ကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ ကျီစု ကျေးရွာနှင့် ဇီးကုန်းမြို့မှ ရပ်ကွက်များရှိ ပြည်သူများထံသို့ သွားရောက်ပြီး COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်အတွက် ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်ခရိုင်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၃-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု ခနောင်ထော်ကျေးရွာအုပ်စု၊ ပန်းတောကျေးရွာအုပ်စု ပန်တပွတ် ကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာအုပ်စုတို့ရှိ ကျေးရွာများသို့ Covid-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များအား လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့ (၁၃:၀၀) အချိန်မှ (၁၇:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်း(တောင်၊မြောက်)ကျေးရွာ၊ သစ်ယာကုန်းကျေးရွာ၊ ရွာတော်(တောင်၊မြောက်)ကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာ၊ သပြေတန်းကျေးရွာနှင့် ရေအိုးစင်ကျေးရွာ အတွင်းရှိ ပြည်သူများသို့ထိရောက်စွာလိုက်လံအသိပေးဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့်ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #npw_apr2020
-
Covid – 19 ကူးစက်ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားRC၊ မိုင်းနားဖွံ့ဖြိုးရေးခြံ၊ မိုင်းနားလဝမ်၊ နောင်ဟီး၊ မိုင်းနားAG IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၇၀၈)စုအတွက် ဆပ်ပြာခဲ(၇၀၈)ခဲပေးအပ်ခဲ့ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၄-၂၀၂၀) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ခတ္တိယအထက်ကျေးရွာအုပ်စုရှိ ကျေးရွာခွဲ (၈) ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









