Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကျေးရွာအုပ်စု(၃)၊ ကျေးရွာ(၆)ရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၉) လုံး၊ အမိုးလန်အိမ်ခြေ (၇၉) လုံး၊ သာသနိကအဆောက်အဦ(၄)လုံးအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုး (၅၃၄၅၀၀၀) ကျပ်၊ လူဦးရေ (၃၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၂၆၆၀၀)ကျပ်၊ သေဆုံးသူ(၂)ဦးအတွက် သေဆုံးထောက်ပံ့ငွေ(၆၀၀၀၀၀)ကျပ်၊ ဒဏ်ရာရ(၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၇၇၁၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၉)စုစာတို့အား (၁၃-၅-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်း အဝေးကျင်းပ
၁၃.၅.၂၀၂၀၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ … Read more
-
(COVID-19) ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက် နေ့တွင် ဘူးသီးတောင်မြို့နယ် အတွင်းရှိတိုက်ပွဲရှောင်စုရပ်စခန်းများသို့ မြောင်းနားတိုက်ပွဲရှောင် စုရပ်ရှိ (အထစ) (၈၂) စု၊ လူဦးရေ (၄၂၄) ဦးအား လက်သန့်ဆေးရည် (၈၂) ဘူး၊ အပူချိန်တိုင်း ကရိယာ (၁) ခုအားလည်းကောင်း ဝရကျွန်းကျေးရွာ ဘင်္ဂါလီတိုက်ပွဲရှောင်စုရပ်ရှိ (အထစ) (၁၀၅) စု၊ လူဦးရေ (၇၁၂) ဦးအားထုံး (၅) အိတ်၊ ဗွီနိုင်း (၁)ချပ်၊ လက်သန့်ဆေးရည် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာ၌ (၁၂-၅-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၈)လုံး၊ အိမ်ထောင်စု(၈)စုမှ လူဦးရေ (၄၀) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄,၀၀၀/-)ကျပ်တို့ကို (၁၃-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_may2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြစ်ကြီးနားမြို့နယ် IDPs စခန်းများအတွင်း ဆပ်ပြာခဲများ၊ လက်သန့်ဆေးရည်များနှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနား မြို့နယ်ရှိ လယ်ကုန်းမလိယန်၊ လယ်ကုန်းဗက်လင်၊ လယ်ကုန်းဇီးအုန် IDPs စခန်းများ၌ ဆပ်ပြာ(၁,၇၆၂) ခဲ၊ ထုံး (၃၀) အိတ်၊ လက်သန့်ဆေးရည်(၆၈၆)ဘူး၊ အပူချိန်တိုင်းကိရိယာ(၃)ခု တို့ကို သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #kcn_may2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်ဒုံမြို့နယ်အတွင်းရှိ ဝင်းလုံကျေးရွာနှင့် ကော့ဝါကလေးကျေးရွာတို့၌ (၁၁-၅-၂၀၂၀)ရက်နေ့ (၁၆:၃၀) အချိန်မှစ၍ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၃)ဦးတို့အတွက် ဆန်ရိက္ခါ (၇)ရက်စာဖိုးထောက်ပံငွေ (၂၇၃၀၀ိ/-) စုစုပေါင်း(၂၂၇၃၀၀ိ/-)တို့အား (၁၃-၅-၂၀၂၀)ရက်နေ့တွင် ကျိုက်ဒုံမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyn_may2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၄.၅.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၇) ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
(COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့ (၈:၃၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိ သော Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင် အတွင်းယာဉ်အဝင် အထွက်စီးနင်း လိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်များတိုင်းထွာပေးခြင်းနှင့် ပြည် တွင်းပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါ ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒီးဒုတ်ကျေးရွာ အုပ်စု၊ ဒီးဒုတ်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ ဒါးကကျေးရွာအုပ်စု၊ ပိုက်သောင်ကျေးရွာ၊ ဆိပ်သာကျေးရွာအုပ်စု၊ ထိန်ပင်ကုန်း ကျေးရွာ၊ ဗန်းမော်ချောင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာအုပ်စု၊ မန္တလေးကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ကျောင်းကုန်း မြို့နယ်၊ ကံကလေးကျေးရွာအုပ်စု၊ ရေမကျီးချောင်ကျေးရွာ၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာ၊ အုန်းပင်စုကျေးရွာ၊ မာလာကွင်းကျေးရွာ၊ ပေါက်ကုန်းကျေးရွာတို့တွင် (၁၂-၅-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂၂)လုံး၊ … Read more
-
သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀)ရက် နေ့(၆း၁၀)အချိန်မှ ( ၆း၃၀) အချိန်ထိ ကနီမြို့ ပြည်သူ့အားကစားကွင်း၌ ယာယီဖွင့်လှစ်ထားသော စည်ပင်သာယာဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများအား မီးဘေး၊ လေပြင်းဘေး၊ ငလျင်ဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









