Category Archives: News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန် တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ကျင်းကျေးရွာအုပ်စု၊ ကျင်းကျေးရွာ၊ လယ်ကြီးကိုင်းကျေးရွာ၊ ငါးရံ့ချောင်းကျေးရွာ၊ စည်ပင်ကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_may2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ ၊ (၀၉:၃၀) အချိန်မှ (၁၆:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ အင်ပင် ကျေးရွာအုပ်စု၊ ဦးနီတဲစုကျေးရွာ၊ ရေကျော်ကျေးရွာ၊ အင်ပင်တဲစုကျေးရွာ၊ အင်ပင်ကျေးရွာ၊ တောင်စဉ်အေးကျေးရွာ၊ ရေနီလေးကျေးရွာနှင့် ဘို့ကိုးလုံးကျေးရွာအတွင်းရှိပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ထန်းပင်ကုန်းကျေးရွာနှင့် ပျဉ်းမကုန်းကျေးရွာတို့တွင် လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့် ပြိုလဲနေအိမ်(၂)လုံးနှင့် အမိုးလန်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ ငွေ(၃၅၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၂)လုံးရှိ ဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၆၂,၆၀၀/-)ကျပ်အား (၁၄-၅-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ဆက်ရုံးမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)အချိန်မှ (၁၅:၀၀) အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနှင့် ဆင်တွင်းကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_may2020
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၂၀)ရက်နေ့ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ မျှားပိုင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ငမို့ကြီးကျေးရွာအုပ်ချုပ် ရေးမှူး၊ ပျဉ်းခေျာင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘုရားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ညောင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့်အတူ ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ အုန်းမှင်ကျေးရွာ၊ ထန်းပင်ချောင်းကျေးရွာ၊ ငမို့ကြီးကျေးရွာအုပ်စု၊ ဆင်သေ ကျေးရွာ၊ ကျွန်းပင်စုကျေးရွာ၊ ပျဉ်းချောင်းကျေးရွာအုပ်စု၊ ပျဉ်းခေျာင်းကျေးရွာ၊ အောက်ကျင်းကျေးရွာ၊ ညောင်းဝန်းကျေးရွာ အုပ်စု ညောင်ဝန်း (တ) ကျေးရွာ၊ ညောင်ဝန်း(မ)ကျေးရွာ၊ ဘုရားတောင်ကျေးရွာအုပ်စု၊ … Read more
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂.၅-၂၀၂၀)ရက်နေ့တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျောက်ဖူးအုပ်စု(ဒဟ္ဟတန်း၊ ဒန်းကုန်း၊ ထနောင်းကျင်း၊ ကံခြား)၊ ရှမ်းမငယ်အုပ်စု(ညောင်လယ်၊ အတတ်မြင့်၊ ဂါတ်ကုန်း၊ သပြေကုန်း၊ ကံဦး၊ ဝါးရုံစု၊ ဂွေးကုန်း၊ သစ်ဆိမ့်ပင်၊ ချောင်းခွ)၊ အုံတုံအုပ်စု(အုံတုံ၊ ရွာသစ်၊ သီးပင်ခင်)၊ မယ်ဇလီကုန်းအုပ်စု(မယ်ဇလီကုန်း၊တပ်ပိုး၊ ပေပင်ကုန်း၊မြင်းခြံရွာသစ်) ကျေးရွာ(၂ဝ)ရွာသို့ Covid 19 နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အရေးယူမှုကိစ္စရပ်များ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ ကလီလျားကျေးရွာ နှင့် တော်ခူရွာသစ်ကျေးရွာ၊ မာခရော်ရှ့ကျေးရွာအုပ်စု၊ ဒေါလောခူကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန် များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်သေဆုံးအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၂၀)ရက်နေ့ တွင် မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ၌ မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံငွေ (၃၀၀၀၀၀) ကျပ်ကို (၁၄.၅.၂၀၂၀)ရက်နေ့တွင် ကျန်မိသားစုများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #shn_may2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(COVID-19) ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖုံညိုလိပ်ကျေးရွာ ဘင်္ဂါလီတိုက်ပွဲရှောင်စုရပ်ရှိ (အထစ) (၅၉) စု၊ လူဦးရေ (၅၆၉) ဦးအား ထုံး (၁၀) အိတ်၊ဗီနိုင်း ၁ချပ်၊ လက်သန့်ဆေးရည် (၅၉) ဘူး၊ အပူချိန်တိုင်းကရိယာ (၁) ခု၊ Mask (၁၁၈) ခု၊ ဆပ်ပြာ (၅၆၉) တောင့်၊ လက်ဆေးစင်အားလည်းကောင်း မောင်တောခရိုင်ဦးစီးမှူးရုံးနှင့်(၁၄-၅-၂၀၂၀) ရက်နေ့တွင် စုရပ်စခန်းတာဝန်ရှိသူများထံ သွားရောက်လွှဲပြောင်း ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #rke_may2020 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ နှင့်ပူးပေါင်း၍ (၁၄-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ်၊ သံလွင်ရပ်ကွက်၊ အာရုဏ်တော်ရပ်ကွက်၊ လားရှိုးပညာရေးကောလိပ်၌ တစ်ညအိပ်တည်းခိုနေထိုင်သည့် နေရပ်ပြန်ပြည်သူများအား COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ဘစမ)









