Category Archives: News
-
ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာအုပ်စုနှင့် မှော်ဘီကျေးရွာ အုပ်စုများအတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံတောကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာအုပ်စုနှင့် မှော်ဘီကျေးရွာ အုပ်စုတို့၌ (၁၃-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်(၉)လုံးနှင့် အမိုးလန်ခဲ့သည့်နေအိမ်(၁၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၆၅၉,၀၀ဝ)ကျပ်၊ ဘေးသင့်လူဦးရေ (၁၀၂) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၄,၂၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၈၇၃,၂၀ဝ/-)ကျပ်နှင့် ပြိုကျပျက်စီးလူနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး (၃)အိမ်ထောင်စုစာနှင့် ပြိုကျပျက်စီးလူနေအိမ်(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၆)အိမ်ထောင်စုစာတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် … Read more
-
စလင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ခဲ့သည့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ အိမ်ထောင်စု(၁)စုစာတို့အား (၁၄-၅-၂၀၂၀)ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_may2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကျေးရွာအုပ်စု၊ ဝမ်အောင်း(ကယား)ကျေးရွာရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊ ဒေါစဲလူကျေးရွာရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငါ့သရောက်မြို့နှင့် ကျောက်ပန်းတောင်းမြို့များရှိ ကျေးရွာအုပ်စုများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ငါ့သရောက်မြို့အတွင်းရှိ ကျေးရွာအုပ်စု (၇) စုမှ ရွာပေါင်း (၁၁) ရွာနှင့် ကျောက်ပန်းတောင်းမြို့အတွင်းရှိ ကျေးရွာအုပ်စု (၆) စုမှ ရွာပေါင်း (၁၁) ရွာတို့သို့ သွားရောက်၍ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို ကျေးလက်နေပြည်သူများ ပိုမိုသတိပြုသိရှိနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_may2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၅-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ထဲနန်ကျေးရွာအုပ်စု၊ ခမွန်ရွာမကျေးရွာအုပ်စု၊ အောင်မိသာကျေးရွာအုပ်စုနှင့် မိုးမြန်မာကျေးရွာအုပ်စုတို့တွင် လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်ပြိုလဲနေအိမ်(၁၆)လုံး၊ အမိုးလန်နေအိမ်(၄၃) လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂,၇၁၀,၀၀ဝ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၆)လုံးရှိ လူဦးရေ(၈၀)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၆၈,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၈၇၈,၀၀ဝ/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁၆)အိမ်ထောင်စုစာတို့အား (၁၄-၅-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀)ရက်နေ့တွင် (၈:၃၀)အချိန်မှ (၁၁:၃၀)အချိန်ထိ ကနီမြို့နယ်အတွင်းရှိ လယ်ရှည်ကျေးရွာ၊ လယ်ရှည်ရွာသစ်ကျေးရွာ၊ လယ်ရှည်(ရ)ကျေးရွာ၊ ချင်းတောင်ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေးလိုက်နာရန်အချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ အသိပညာပေးဟောပြောခြင်း၊ ကျေးရွာနေပြည်သူများသို့ပန်ကြားခြင်းနှင့် လေပြင်းဘေး၊ မီးဘေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၁၆း၁၀)အချိန်တွင် အမ်းမြို့နယ်၊ စနဲကျေးရွာအုပ်စု၊ တလိုင်းတောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် (သိပ်မိုး၊အုတ်ကာ၊ကွန်ကရစ်ခင်း) (၁)လုံး ၊ နေအိမ်(ဓနိမိုး၊ဝါးထရံကာ၊ပျဥ်ခင်း)(၂)လုံး စုစုပေါင်းနေအိမ် ( ၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နေအိမ်(၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖို့ထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၃၁၀၀/-)ကျပ်၊ စုစုပေါင်း (၄၂၃၁၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၃)အိမ်ထောင်စုစာတို့အား (၁၄-၅-၂၀၂၀)ရက်နေ့ (၁၅း၃၀)အချိန်တွင် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် မရဲ့ရွာသစ်ကျေးရွာအုပ်စု၊ မရဲ့ရွာသစ်ကျေးရွာတွင် (၀၉:၀၀)နာရီ၌လည်းကောင်း၊ သစ်ဖြူချောင်းကျေးရွာတွင် (၁၁:၀၀)နာရီ၌လည်းကောင်း၊ ရွှေဘိုစုကျေးရွာတွင် (၁၃:၀၀)နာရီ၌လည်းကောင်း၊ မရဲ့ဝကျေးရွာတွင် (၁၅:၀၀)နာရီ တို့၌ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_may2020
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့(၁၇:၀၀)အချိန်တွင် ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြိုင်းအုံကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်အမိုးလန်နေအိမ်(၁)လုံးနှင့် ပြိုလဲနေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၅၄,၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးစာ(၁)အိမ်ထောင်စာအား (၁၄-၅-၂၀၂၀)ရက်နေ့ နေ့လည်(၀၂:၀၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2020 Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









