Category Archives: News
-
လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
(၁၄-၅-၂၀၂၀) – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၄-၅-၂၀၂၀)နေ့ ညနေ(၄)နာရီအချိန် ထုတ်ပြန် ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ်(Depression)အဆင့်သို့ လည်းကောင်း၊ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) အဆင့်သို့လည်းကောင်း ရောက်ရှိနိုင်ကြောင်း၊ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိပြီး နောက်၊ ကနဉီးတွင် အနောက်မြောက်ဘက်သို့ရွေ့လျားပြီး (၁၇-၅-၂၀၂၀)ရက်နေ့ နောက်ပိုင်း တွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ရွေ့လျား နိုင်သည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။ – လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနအနေဖြင့်လည်း … Read more
-
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ IDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေလ၁၄ရက်၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအားCOVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မော်ဖောင်းခါနန်နှစ်ခြင်း၊ မော်ဖောင်း လော်ဝေါနှစ်ခြင်း၊ နန်းကွေ့စိန့်ယောဟန်၊ ပလနကက်သလစ်လူငယ်ဗဟိုကျောင်း IDP စခန်းများနှင့် မိုးညှင်းမြို့နယ်ရှိ နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDP စခန်း စုစုပေါင်း IDP စခန်း(၅)ခုနှင့် မြစ်ကြီးနားမြို့နယ်ရှိ … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မေလ (၁၄)ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများဖြစ်ပွားလျက်ရှိရာ (၁၃-၅-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၌ နေအိမ် (၇) လုံးနှင့် ဘာသာရေးအဆောက်အဦ (၁) လုံး အမိုးအကာလန်ပျက်စီးခြင်း၊ လူ (၁) ဦးသေဆုံး၍ (၁) ဦးဒဏ်ရာရရှိခြင်း၊ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၌ နေအိမ် (၂) လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၌ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ပါဒေါဒူကျေးရွာနှင့် ဒေါကလိုးခူကျေးရွာတို့တွင် (၁၃-၅-၂၀၂၀)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဉီးရေ(၁၀)ဉီးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၈၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၁,၀၀ဝ/-)ကျပ်အား (၁၄-၅-၂၀၂၀)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် ၀က်လက်မြို့နယ်၊ သခွတ္တောကျေးရွာနှင့် ဘင်တဲကုန်းကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွား စေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များနှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေးအသိပညာပေးခြင်းများကို ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပေးဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး၊ မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပန်ခမ်းကျေးရွာအုပ်စု၊ မန်အိုက်တိုက်ကျေးရွာ၌ မိုးသက်လေပြင်းကျရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၇)လုံး၊ အိမ်ထောင်စု (၇)စု၊ လူဦးရေ(၂၇)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၆၇၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၄၃၆၀၀၀/-)ကျပ်နှင့် ဘုန်းတော်ကြီး ကျောင်းဆောင်(၁)ဆောင် အတွက် ထောက်ပံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၅၉၂၇၀၀/-)ကျပ်တို့အား (၁၄-၅-၂၀၂၀)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် ဘေးသင့်ပြည်သူ့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ စီအူကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် သစ်ပင်လှဲ၍ သေဆုံး(၁)ဦးအတွက် ထောက်ပံငွေ(၃၀၀၀၀၀/-)ကျပ် အားလည်းကောင်း၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံငွေ (၅၀၀၀၀/-)ကျပ်အား (၁၄-၅-၂၀၂၀)ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #kcn_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ မြောက်ကြိတ်စုကျေးရွာ၊ တောင်ကြိတ်စု ကျေးရွာ၊ ဆူးရစ်ကန်ကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးဗီနိုင်းပိုစတာ စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် လှိုင်းဘွဲ့ မြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ စိုက်ထူထားသည့် မီးဘေးဗီနိုင်း ပိုစတာနေရာတွင် လေပြင်းဘေးဗီနိုင်းပိုစတာအား လဲလှယ်စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဖြင့်ပူးပေါင်း၍ (၁၅-၅-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါး လျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020









