Category Archives: News
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေး ရွာအုပ်စု၊ လောကထုကျေးရွာတွင် (၁၃-၅-၂၀၂၀) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် သေဆုံးသူ (၁) ဉီး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ ၊ (၁၁:၃၀)နာရီ အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ထီးလင်းမြို့နယ်၊ ဆင်ထိုးကျေးရွာအုပ်စု၊ ဆင်ထိုးကျေးရွာ၊ ခပေါင်းတောကျေးရွာအုပ်စု၊ ခပေါင်းတောကျေးရွာ၊ ရင်ရောင်းကျေးရွာအုပ်စု၊ ရင်ရောင်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် (၀၈:၀၀) နာရီမှစတင်၍ (၁၂:၀၀) နာရိအချိန်ထိ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာ၊ မထီး ကျေးရွာ၊ ကျော်ထင်ကုန်းကျေးရွာနှင့် အင်းမကျေးရွာတို့တွင် သဒ္ဓါရှင်လူမှုကူညီရေးအသင်းနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ဖြင့်ပူးပေါင်းကာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၇)ရပ်ကွက်နှင့်ကေျးရွာ (၁)ရွာသို့ Covid_ 19 နှင်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များ၊ အရေးယူမှုကိစ္စရပ်များ သိရှိနားလည်လိုက်နာဆောင်ရွက်စေရန် အသိပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_may2020
-
IDPs စခန်းများသို့ Covid_ 19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ နန်းကွေ့စိန့်ယောဟန်၊ မော်ဖောင်းလဝေါ်နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ ပလနကက်သလစ်(လူငယ်ဗဟိုကျောင်း)၊ နောင်နန်းတြီနတီ၊ နောင်နန်းဂျော် မဆပ် IDPs စခန်းများသို့ ဆပ်ပြာ (၄၂၁၇)ခဲ၊ ထုံး (၆၀)အိတ်၊ လက်သန့်ဆေးရေ (၁၀၁၄) ဘူး၊ အပူချိန်တိုင်းကိရိယာ (၆)ခု တို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ ဖာပွန်မြို့နယ်အတွင်းရှိ ကပေခီးကျေးရွာ၊ ကတိုင်တိကျေးရွာ၊ ကကိုင်းဘောကျေးရွာနှင့် ကကူလားကျေးရွာတို့တွင် COVID -19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_may2020 Source: ဖာပွန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သိုလှောင်ရုံစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့်တည်ဆောက်သော မကွေးတိုင်းဦးစီးမှူးရုံးနှင့် သိုလှောင်ရုံအား တိုင်းဒေသကြီးဦးစီးမှူး၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့်အတူ (75%) ပြီးစီးမူအားသွားရောက်စစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #warehouse #mgy_may2020
-
မလှိုင်မြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မလှိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မလှိုင်မြို့နယ်အတွင်း (၁၂-၅-၂၀၂၀) ရက်နေ့နှင့် (၁၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် ဘေးသင့် အမိုးလန်ပျက်စီး လူနေအိမ် (၃) လုံး၊ ပြိုကျပျက်စီးလူနေအိမ်(၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၄၈၉,၃၅၃/-) ကျပ်တို့အား (၁၄-၅-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2020 Source: မလှိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၄-၅-၂၀၂၀) ရက်နေ့တွင် ကံဦးကျေးရွာအုပ်စုရှိ မြန်အောင်စုကျေးရွာ၊ သုံးဆက်ကျေးရွာ၊ ကံဦးကျေးရွာ၊ ဇေယျကျေးရွာနှင့် ရှမ်းခေါင်းဗြဲအုပ်စုရှိ ရွှေညောင်ပင် အနောက်ကျေးရွာ၊ ရွှေညောင်ပင်အရှေ့ကျေးရွာများအတွင်းရှိ ပြည်သူများအား Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေးဆောင်ရန်ရှောင်ရန်အချက်များကို အလွယ်တကူသိရှိလိုက်နာနိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံနှံမှုများ မဖြစ်စေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှစတင်၍ (၁၇:၃၀) အချိန်ထိ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျားတက်ကျေးရွာ၊ မြေဇွန်းကျေးရွာ၊ ဆုံတားကျေးရွာအိုးဘိုကျေးရွာ၊ ပန်းတိမ်ဆော်ကျေးရွာ၊ ကန်နီကျေးရွာကျွန်းဖိုပင်ကျေးရွာ၊ သနပ်မျှောင်ကျေးရွာ၊ ကံကြီးကျေးရွာ၊ စူဠကျေးရွာ၊ ပန်းထူးကျေးရွာနီပါးတန်းကျေးရွာ၊ ရေဝင်ကျေးရွာ၊ ပျော်ဘွယ်ကျေးရွာညောင်ပင်တိုကျေးရွာ၊ မိုးကြိုးပြင် (တ) ကျေးရွာ၊ မိုးကြိုးပြင် (မ) ကျေးရွာ၊ မိုးကြိုးပြင် (လယ်) ကျေးရွာစုစုပေါင်း ကျေးရွာ(၁၆)ရွာအား အသံချဲ့စက်ဖြင့် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်စေရန်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ … Read more









