Category Archives: News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ နွားခြံကျေးရွာအုပ်စုရှိ ဆွမ်းချက်အင်းကျေးရွာ၊ သဲဖြူကျေးရွာ၊ ပိန်းအင်းကျေးရွာများ၊ စာဖြူစုကျေးရွာ၊ နွားခြံကုန်းကျေးရွာ၊ ပေကုန်းကျေးရွာ၊ မပေါက်ပင်ကွင်းကျေးရွာများအတွင်းရှိ ပြည်သူများအား Covid- 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန် အချက်အလက်များကို ပြည်သူများ အလွယ်တကူသိရှိလိုက်နာနိုင်ရေးအတွက် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy _may2020 … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ အင်းမကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာခွဲ(၃)ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်တွက် အများပြည်သူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာများဖြင့် လှည့်လည်ဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် တနင်္သာရီ မြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါးကျေးရွာ၊ ကော့ယွန်းကျေးရွာ၊ ချောင်းနှစ်ပေါက်ကျေးရွာ၊ သိန်ခွန်းကျေးရွာ၊ သဲဖြူကျေးရွာများတွင် covid-19 အသိပညာပေးခြင်း၊ ဗီနိုင်းပိုစတာများကပ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_may2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ မာလာဖူးကျေးရွာနှင့် ရေဝေကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #mon _may2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ကျည်တောင်ကန်ရပ်ကွက်(၁၊၂၊၃၊၄၊၅၊၆) ရပ်ကွက်များနှင့် နဝဒေးရပ်ကွက်၊ ဆင်ဖြူရှင်ရပ်ကွက်၊ ရတနာဒီပရပ်ကွက်၊ သုခဒီပရပ်ကွက်၊ ဝဏ္ဏဒီပရပ်ကွက်၊ မင်္ဂလာဒီပရပ်ကွက်၊ ဇေယျာဒီပရပ်ကွက်၊ အောင်သာယာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်များ ရှိပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၈:၀၀)မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာအုပ်စုအတွင်းရှိ သဲဖြူချောင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ဝါးဖြူကျေးရွာနှင့် ကျိုက်တဲကျေးရွာတို့တွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_may2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ ၊ နံနက်(၀၈:၃၀)နာရီ အချိန်တွင် ဖျာပုံမြို့နယ်၊ မြို့ကုန်းကျေးရွာအုပ်စု၊ မြို့ကုန်းကျေးရွာ တွင်အိမ်ခြေ (၄၁၉) လုံး၊ အိမ်ထောင်စု (၅၁၅)စု၊ လူဦးရေ (၂၂၀၁) ဦးတို့အတွက် သောက်သုံး ရေဂါလံ (၂၄၀၀) အား သွားရောက်ဖြန်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီမှ(၁၅:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ ချောင်းဝကုန်းကျေးရွာ၊ တောင်ကုန်းကြီးကျေးရွာ၊ လိပ်ကွင်းကျေးရွာ၊ ချောင်းသာ ကျေးရွာ၊ မိဉီးကျေးရွာ၊ ကိုးဘိုကျေးရွာ၊ ရေဝေကျေးရွာ၊ ကုလားကုန်းကျေးရွာနှင့် ကြာနီကန်ကျေးရွာ များသို့သွားရောက်၍ COVID -19နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍အသိပညာပေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်းနှင့် ပူးပေါင်း၍ (၁၅-၅-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ ပဇင်းဒါး (တောင်/မြောက်) ကျေးရွာ၊ ချင်းရွာသစ်ကျေးရွာ၊ ဆတ်လည်(ရှေ့/နောက်)ကျေးရွာနှင့် ကန်ဇွန်းမြောင်ကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ မကြီးခြေထောက်ကျေးရွာအုပ်စု၊ မကြီးခြေထောက်ကျေးရွာ၊ ကျွဲခြံကျေးရွာနှင့် မြေပြာကန်ကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)









