Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၂၀) ရက်နေ့၌ ညောင်လေး ပင်မြို့နယ်၊ သံတံတားကျေးရွာအုပ်စု၊ သံတံတားကျေးရွာနှင့် စီပင်ကျေးရွာအုပ်စု၊ စီပင်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ် (၉) လုံးနှင့် ပြိုလဲနေအိမ် (၁) လုံးတို့ ပျက်စီးခဲ့ရာ အဆိုပါအိမ်ခြေများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၂၀,၀၀၀/-) ကျပ်နှင့် ပြိုလဲနေအိမ် (၁)လုံးမှ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၂,၁၀၀/-) ကျပ် ၊ စုစုပေါင်း … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာအုပ်စု၊ သက္ကယ်မြောင်ကျေးရွာ၌ (၁၃-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁) စုစာတို့ကို (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။ #ha_fir #mgy_may2020 Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီး ဌာနနှင့်ပူးပေါင်း၍ (၁၅-၅-၂၀၂၀) ရက်နေ့၊ မိုးမိတ်မြို့နယ်၊ အုံးကြောကျေးရွာ (ရွာဟောင်း)၊ အုံးကြောကျေးရွာ(ရွာသစ်)နှင့် ရွှေဇာလီကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ် ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန် အထိ ဂန့်ဂေါမြို့နယ်၊ ကြက်ရိုးကျေးရွာ၊ ဖုန်းဆိုးကြယ်ကျေးရွာနှင့် လယ်ဓမ္မကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် အတူပူးပေါင်း၍ (၁၅-၅-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဒွန်းတဘက်ကျေးရွာအုပ်စုအတွင်းရှိ ဝဲစုကျေးရွာ၊ မြဂိုးစုကျေးရွာ၊ ဒွန်းတဘက်ရွာမကျေးရွာနှင့် မြွေပေါက်ကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Hand Speaker ၊ Loud Speaker များဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် ညောင်တုန်း မြို့နယ်၊ တူးချောင်းကျေးရွာ အုပ်စုနှင့် ဇီးဖြူကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာတို့၌ Covid–19 လတ်တလေ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာရန် အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2020
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသော သိရှိလိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ထီးပိုးကလိုးကျေးရွာအုပ်စု၊ ထီးသဲကလိုးကျေးရွာ၊ ဒေါဗျားကူကျေးရွာနှင့်ဖဲလျားကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ (၁၀/၁၂/၁၃/၁၄/၁၅/၁၆) ရပ်ကွက်တို့တွင် Covid_19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ကို ပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မောခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာ၊ တော်ခူကျေးရွာအုပ်စု၊ တော်ခူကျေးရွာ၊ပရယ်စောခူကျေးရွာနှင့် ကလော်ဒူကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_may2020
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု၊ ဖလူးကျေးရွာနှင့် ကျောက်ခတ်ကျေးရွာတို့တွင် (၁၄-၅-၂၀၂၀) ရက်နေ့ (၁၇:ဝဝ) နာရီချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန်ပျက်စီးလူနေအိမ် (၂)လုံး အိမ်ထောင်စု(၂) စုမှ လူဦးရေ (၁၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၈၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၂၁,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂ဝ၁,ဝဝဝ/-) ကျပ်တို့အား (၁၅-၅-၂၀၂၀) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ … Read more









