Category Archives: News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း၊ ကားဂိတ်တန်း၊ COVID-19 စခန်း)၊ဦးဝဲ(တဲတိုက်)နှင့် ဦးကျော်စိန်(တဲတိုက်)ရှိ ရှိအိမ်ခြေ (၁၀၃) လုံး၊ အိမ်ထောင် စု(၁၁၄) စု၊ လူဦးရေ (၅၂၂) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ( ၁၇- ၅-၂၀၂၀) ရက်နေ့ ( ၁၁ : ၀၀ ) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
COVID-19 အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြတ်ပါရမီပရဟိတအသင်းနှင့်ပူးပေါင်း၍ (၁၇-၅-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်အတွင်းရှိ အောက်မမြင့်ကျေးရွာ၊ အောက်မနိမ့်ကျေးရွာ၊ ဆင်ကော်ကျေးရွာနှင့် မြို့လှကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး ရေနံချောင်းမြိုနယ်၊ ဂွေးကုန်းကျေးရွာ၊ ဆိတ်ခြံကုန်းကျေးရွာ၊ ဖန်းခါးစမ်းကျေးရွာနှင့် စာဂီကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့ (၀၇:၃၀) နာရီချိန်မှ (၁၁:၃၀) နာရီထိ လေးမျက်နှာမြို့နယ်အတွင်းရှိ ကြီးပေါက်ကုန်းကျေးရွာအုပ်စု၊ (ကြီးပေါက်ကုန်း၊ နင်းကြမ်း၊ ဒေါင့်ကွေး၊ ဆင်သေ၊ မြင်းကုန်း၊ ပန်းတောပေါက်၊ ငြိမ်းအေး၊ ဆီဆုံကုန်း) ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID-19 ကူးစက်ရောဂါနှင့််ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီမှူးရုံး (ဘစမ) #ar #ayy_may2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၅-၂၀၂၀) ရက်နေ့တွင်၊ နံနက်(၀၈:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ပန်းတုံးကွင်းကျေးရွာအုပ်စု၊ အထက်ပန်းတုံးကွင်း ကျေးရွာ၊ အောက်ပန်းတုံးကျေးရွာ၊ ကန်းနီကျေးရွာနှင့် ရေတွင်းတောင်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
IDPs စခန်းများသို့ Covid_ 19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ စီတာပူသီတာအေး၊ စီတာပူဆွတ်ငိုင်တောင်၊ ရွှေစက်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ ဂျန်မိုင်ကောင်း RC၊ ဂျန်မိုင်ကောင်းနှစ်ခြင်း IDPs စခန်းများသို့ ဆပ်ပြာ (၃၁၃၄) ခဲ၊ ထုံး (၆၀) အိတ်၊ လက်သန့်ဆေးရေ (၁၁၃၈) ဘူးနှင့် အပူချိန်တိုင်းကိရိယာ (၃) ခုတို့အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀)ရက်နေ့၌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁)တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၅၂၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၂) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၂၀)ရက်နေ့ (၁၀း၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မေလ ၁၆ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများနှင့် မိုးသီးကြွေကျမှုများဖြစ်ပွားလျက်ရှိရာ (၁၄-၅-၂၀၂၀) ရက်နေ့နှင့် (၁၅-၅-၂၀၂၀) ရက်နေ့များတွင်- ကယားပြည်နယ်၊ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်တို့၌ နေအိမ်(၄)လုံးအမိုးအကာလန်ပျက်စီးခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ နေအိမ် (၂) လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်၊ တမူး၊ ဒီပဲယင်းနှင့်ကျောက်မြောင်းမြို့နယ်တို့၌ နေအိမ် (၁) လုံး ပြိုကျပျက်စီးပြီး နေအိမ် (၃၆) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၌ မိုးနဲမြို့နယ်၊ နားခံကျေးရွာအုပ်စု၊ နားခံကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများနှင့်အတူ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန် (တစ်စိတ်တစ်ပိုင်း) ပျက်စီးသွားသော နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုထောက်ပံ့ငွေ (၁၈၀၀၀၀/-)ကျပ်၊ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခါဖိုးထောက်ပံ့ငွေ (၁၄၇၀၀/-)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၉၄၇ဝဝ/-)ကျပ်အား (၁၆-၅-၂၀၂၀)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_ sgw #shn_may2020
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိIDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေ၁၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ (၁၅-၅-၂၀၂၀) နေ့နှင့် (၁၆-၅-၂၀၂၀) နေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်ရှိတပ်ကုန်း အင်ဂျန်ဒုံ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်း COC၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူ သီတာအေး၊ မြို့သစ်ကြီးဂျန်မိုင်ကောင်း RC၊ ရွှေစက်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ … Read more









