Category Archives: News
-
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
============================================================= ၁၇-၁-၂၀၁၈ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ၏သတ္တမအကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ခုနှစ် ၊ ဇန်နဝါရီလ (၁၇) ရက်နေ့ (၁၅:၃၀)နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ အစည်း အဝေး ခန်းမတွင်ကျင်းပရာ ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့ (၁၅း၃၀)အချိန်မှ (၁၆း၃၀)နာရီအချိန်အထိ ဖောင်းပြင်မြို့နယ်၊ အောက်တောင်းကျေးရွာ အ.လ.က (ခွဲ) ကျောင်းတွင် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၈) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟော ပြောခြင်း၊ ဘောပင်များဝေငှပေးခြင်း၊ ဘေး (၈) မျိုးစာအုပ်နှင့် ငလျင်ဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့ (၁၃း၃၀)အချိန်မှ (၁၅း၀၀)နာရီအချိန်အထိ ဖောင်းပြင်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးအား သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ဘောပင်များဝေငှပေးခြင်း၊ ဘေး (၈) မျိုးစာအုပ်နှင့် မီးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
UEHRD ပြည်ထောင်စုစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံအမတ်ကြီးနှင့် UNDP တို့က သီးခြားစီလာရောက်တွေ့ဆုံ မှုသတင်း
================================================= ၁၇-၁-၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms. Tone Tinnes နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) မှ Country Director ဖြစ်သူ Mr. Peter Batchelor တို့က (၁၇-၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။ နော်ဝေနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၏တာဝန်များနှင့် ကြိုးပမ်းအားထုတ်မှုများကို သိရှိပါကြောင်း၊ နော်ဝေနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နော်ဝေနိုင်ငံမှ အဓိကထားအကူအညီပေးနေသော … Read more
-
အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့ (၁၀း၀၀)အချိန်မှ (၁၂း၀၀)နာရီအချိန်အထိ ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀၀) ကျော်အား သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအား ရှင်းလင်းပြောကြား ခြင်း၊ အသိ ပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ငလျင်ဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စုနှင့် ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲများ ကျင်းပပြီးစီးမှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ ရွှေကြာအင်းကန်ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၂၁၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း၊ (၁၆-၁-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရေဖြူကျေးရွာအုပ်စု၊ ရေဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၁၇၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများတွင် လေပြင်းဘေး၊ မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာများအား ေဟာပြောခဲ့ပြီး မှတ်တမ်းဗွီဒီယိုများပြသခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source : ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more
-
ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ သဘာ၀ဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြီးစီးမှု
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၇-၁-၂၀၁၈)ရက်နေ့တွင် ပုသိမ်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ သဘာ၀ဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၆၀၀)ဦးခန့် တက်ရောက်ခဲ့၍ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်များဖြစ်ပွားမှုနှင့်အတူ လိုက်လျောညီထွေ နေထိုင်ခြင်း၊ အဖြစ်များသော ဘေးအန္တရာယ်များ၏ ဆောင်ရန်၊ ရှောင်ရန်များကို ဆွေးနွေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ဗွီနိုင်းပိုစတာ ဖြန့်ေ၀ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈)နေ့ မုံရွာမြို့၊ ယက်ကန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးနှင့် ဆရာ၊ ဆရာမ (၁၀)ဦး စုစုပေါင်း (၆၀)ဦးတို့အား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဝေဌပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာကုန်းအုပ်စု၊ ကျောင်းကုန်း ကျေးရွာမှ ပြည်သူလူထု (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ် ဝေငှပေးခြင်းများကိုဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့တွင် ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းကြီးကျေးရွာ ဘောလုံးကွင်း ရပ်ကွက်နေ ပြည်သူလူထု (၉၀) ဦးခန့်အား ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များအား ရှင်းလင်း ပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်း ပြောကြား ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအားရှင်းလင်း ပြောကြား ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် တက်ရောက်လာသူ များအား မုန့်ဝေငှပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









