Category Archives: News
-
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ၂၂.၃.၂၀၁၈ ရက်နေ့ နံနက်(၈း၃၀) နာရီတွင် မြစ်ကြီးနားမြို့ ငွေပျော် စံပြကျေးရွာ ငွေပျော်မူလတန်းကြိုကျောင်း၌ ရပ်ရွာပြည်သူတို့နှင့် တွေ့ဆုံရာတွင် မိမိ တို့ဝန်ကြီးဌာနအနေဖြင့် ဤကျေးရွာစတင်တည်ဆောက်စဉ်က ပြည်နယ်အစိုးရနှင့်ပူးပေါင်း၍ ဆန်ရိက္ခာများထောက်ပံ့ခြင်း၊ ဝင်ငွေ တိုးလုပ်ငန်းလုပ်ကိုင်နိုင်ရန်လည်း အရင်းမပျောက် မတည်ငွေများထုတ်ချေးပေးခြင်း၊ ကျေးရွာပတ်လည်ဖောက်လုပ်ရန် ကုန်ကျငွေ များထောက်ပံ့ပေးခြင်းများဆောင်ရွက်ပေးခဲ့ပါကြောင်း။ အခြားဝန်ကြီးဌာနများ ကလည်းဆိုင်ရာကဏ္ဍများကို အကောင်အထည် ဖော်ပေးပါကြောင်း၊ အလုပ်အကိုင်ရှိမှသာ မိသားစုစားဝတ်နေရေးချောင်လည်မည်ဖြစ်ပါကြောင်း၊ အခက်အခဲများရှိပါက ဆွေးနွေး ပေးစေလိုပါကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်သောကဏ္ဍများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး တချို့ကိစ္စရပ်များအား အခြားဆက်စပ် … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ၂၁.၃.၂၀၁၈ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဂျမိုင်ကောင်း IDP Camp သို့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့်အတူ သွားရောက်၍ မြစ်ကြီးနားမြို့နယ်ရှိ စခန်းများမှခေါင်းဆောင်များ ၊ စခန်းရှိ ပြည်သူများနှင့်တွေ့ဆုံကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဒေသဆိုင်ရာအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ လူမှုကူညီစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်အစိုးရကိုယ်စား ကူညီထောက်ပံ့လျက်ရှိပါကြောင်း၊ ယနေ့လာရောက်ခြင်းမှာ စခန်းများရှိ ကိုယ်ဝန်ဆောင် မိခင်များ၊ အသက် (၅)နှစ်အောက် … Read more
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါပဲ့(စော်ဘွား)ကျေးရွာနှင့် ဒေါဆိုခူကျေးရွာ၊ ဖရူဆိုမြို့နယ် မာခရောရှေ့ကျေးရွာအုပ်စု ဒေါသဲကျးရွာ၊ ဒေါဆီးခူကျေးရွာနှင့် ဒေါကလော်လဲကျးရွာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်သော ကျန်းမာရေး၊ ကြက်ခြေနီ၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအသင်း၊ စေတနာ့ ဝန်ထမ်း၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိခင်နှင့်ကလေး၊ သစ်တောဦးစီးဌာန၊ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာရှိ ပြည်လူထု (၃၀၀)ဦးဖြင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ ထမင်းထုပ်နှင့် ရေသန့်များ ဝေငှပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ ရေသန့်ဆေးပြားထောက်ပံ့မှုနှင့် ဒေါ်ငြိမ်းရှယ်လ်တာအားသွားရောက်စစ်ဆေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈)ရက်နေ့ ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာအုပ်စုတွင် သောက်သုံးရေရှားပါးသည့် ကျေးရွာများအတွက် World Visionမှ လှူဒါန်းသည့် ရေသန့်ဆေးထုပ်များ ထောက်ပံ့နိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ဒေါ်ငြိမ်းရှယ်လ်တာသို့သွားရောက်၍ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအားသွားရောက်စစ်ဆေးကြည့်ရှူခဲ့ပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးဆောင်ရွက်သွားရန် ကျေးရွာပြင်ဆင်ထိန်းသိမ်ရေးကော်မတီအဖွဲ့ဝင်များအား မှာကြားခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော သဘာဝဘေးလျော့ပါးရေးစေတနာ့လူငယ်(ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲ(၂၀)ဦး၊ သင်တန်းသား/သူ(၃၀)ဦး၊ စုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၁-၃-၂၀၁၈)ရက်နေ့မှ (၂၃-၃-၂၀၁၈)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၁-၃-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာ၌ သဘာဝဘေးနှင့် ပတ်သတ်သည့်ဆောင်ရန်/ရှောင်ရန်များ အား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူဦးရေးစုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ရေသန့်ဆေး ထုပ်မျာကို ကျေးရွာအုပ်ချူပ်ရေးမှူးထံသို့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့၊(၁၀း၀၀)အချိန် တွင် လှိုင်းဘ့ွဲမြို့နယ်၊ သပုထိုကျေးရွာ ၌ ကျေးရွာပြည်သူလူထု (၁၅၀)ဦးအား သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် များ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပြီး ဗွီနိုင်းပိုစတာများနှင့် ရေသန့်ဆေး ထုပ်များကို ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၃-၂၀၁၈)ရက်နေ့တွင် လှိုင်းဘွဲ့ မြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်စု၊ ဘုရားငုတ်တိုကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ် (၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စု လူဦးရေ(၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ family kit (၁)စုံနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉၀၀/-)ကျပ် စုစုပေါင်းကျပ် (၁၁၈၉၀၀/-)ကျပ်တို့အား (၂၁-၃-၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံံ့မှုသတင်း
(၁၇-၃-၂၀၁၈) ရက်နေ့၌ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သပုထိုကျေးရွာ တောင်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁) စာ Family kit (၁) စုံ၊ ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ကျပ် (၁၀၀၀၀၀)နှင့် ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀) ကျပ် စုစုပေါင်း (၁၀၈၄၀၀) ကျပ်အား ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် … Read more









