Category Archives: News
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း(၃/၂၀၁၈)ပြုလုပ်ကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၃-၂၀၁၈) ရက်နေ့ (၀၉:၀၀)အချိန်တွင် ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း (၃/၂၀၁၈)ကို ဖွင့်လှစ်ခဲ့ရာ ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထိုသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
ကျေးရွာများတွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈)ရက်နေ့တွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ဥမ္မကျေးရွာနှင့် ကင်းတက်ကျေးရွာ တို့တွင် လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျ နိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြို တင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်ဦးစီးမှူးရုံးများဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဖိတ်ကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နှင့် တောင်ပိုင်းခရိုင် တွံတေးမြို့ မြို့နယ်ဦးစီးမှူးရုံးများဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
(၂၂-၃-၂၀၁၈) ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၁၈)ရက်နေ့၊ သီပေါမြို့နယ်၌ TLNA အဖွဲ့ နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အုံမုကျေးရွာအုပ်စု၊ မန်လွယ်ကျေးရွာမှ ဘော်ကြိုဆုတောင်းပြည့်ဓမ္မာရုံတွင် ရောက်ရှိလာသော စစ်ဘေးရှောင်အိမ်ထောင်စု (၉၁)စု မှ ကျား (၁၂၆) ဦး၊ မ (၁၉၄) ဦး၊ စုစုပေါင်း (၃၂၀)ဦး အတွက် (၇၉၀၀၀ကျပ်) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးကို ဘေးသင့်အိမ်ထောင်စု (၉၁) စုစာ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ ဝန်ထမ်းများသည် လေးမျက်နှာမြို့နယ်၊ မိုးကုတ်အုပ်စု ကရင်ဆယ်ကျေးရွာတွင် (၁၆-၂-၂၀၁၈)နေ့ မီးဘေးဖြစ်ပွားမှုကြောင့် လောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ(ဝါးအိမ်) (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ(၃၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၂၃၁၀၀/-)ကျပ်နှင့် ကြီးပေါက်ကုန်းအုပ်စု နင်းကြမ်းကျေးရွာတွင် (၂၅.၂.၂၀၁၈)နေ့ မီးဘေးဖြစ်ပွားမှုကြောင့် လောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ(သစ်အိမ်-၂လုံး)(ဝါးအိမ်-၁လုံး)တို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၁၅၀၀ိ/-)ကျပ်တို့ကို လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၃-၂၀၁၈)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၌ (၂၁-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂)၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၅) ဦးတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်တို့အား (၂၂-၃-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈)ရက်နေ့တွင် ကျောက်မဲမြို့နယ်သို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၄)စုမှ ကျား (၂၉)ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၅၉) ဦးအတွက်family kits (၂၄)ပုံးအား (၂၂-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာ၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ အိုးအိမ်ပြင်ဆင်ခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ ဝင်များ၊ ကျေးရွာလူငယ်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး“ကလေးသူငယ်များအားရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု (Campaign)” တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊မတ် -၂၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အခြေခံ လူ့အခွင့်အရေးရရှိရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူသားဂုဏ်သိက္ခာပြည့်ဝစွာရပ်တည်နိုင်ဖို့ မူဝါဒချမှတ် ဖော်ဆောင်လျှက်ရှိရာတွင်နိုင်ငံတော်၏လူမှုရေးဆိုင်ရာစိန်ခေါ်မှုများတွင်အပါအဝင်ဖြစ်သည့်ကလေးသူငယ်များအပေါ်ရုပ်ပိုင်းစိတ်ပိုင်းအပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကိုရပ်တန့်အောင်မိမိတို့ဝန်ကြီးဌာန၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများ၊ World Vision၊Unicef စသည့်မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကလေး သူငယ် များအပေါ်အကြမ်းဖက်မှုပုံသဏ္ဍာန်များနှင့်ပတ်သက်ပြီး ပပျောက်အောင်ဆောင်ရွက်ရာတွင် အဓိက ကျသည့်အခြေခံအကြောင်းအရာများကိုရှာဖွေကြရမှာဖြစ်ကြောင်း၊မိမိတို့လိုဖွံ့ဖြိုးဖို့ကြိုးစားဆဲ၊ဆင်းရဲသည့်နိုင်ငံအနေဖြင့်ပြဿနာအကြောင်းအရာများစွာရှိသည့်အတွက်မိမိတို့ဝန်ကြီးဌာနအနေဖြင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေသစ်ကိုရေးဆွဲပြီးကလေးငယ်များကိုရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုမိသားစုအတွင်းတွင်လည်းကောင်း၊ စာသင်ကျောင်းများတွင်လည်းကောင်း၊ ကလေးသူငယ်များကိုပြုစုစောင့်ရှောက်ရာနေရာများ တွင်လည်းကောင်းဖြစ်ပွားလျက်ရှိရာသက်ဆိုင်ရာမိဘ၊ ဆရာနှင့်တာဝန်ရှိသူများကို ပညာပေးရန်လိုအပ်ပါ ကြောင်း၊ အထူးသဖြင့် ရိုက်နှက်ဆုံးမခြင်း၊ ကြမ်းတမ်းစွာပြောဆိုခြင်း၊ ပြုမူခြင်းတို့ဖြစ်ပါ ကြောင်း၊ လူမှု ကာကွယ် … Read more
-
ကော့လင်းမြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူ များအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကောလင်းမြို့နယ်၊ ရေကန်သာကျေးရွာ အုပ်စု၊ သဖန်းကုန်းကျေးရွာ (၂၁-၃-၂၀၁၈)ရက်နေ့ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ် ရေးပစ္စည်း Family kits ပုံး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်း (၂၀၄၂၀၀/-)တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကောလင်းမြို့၌ (၂၂-၃-၂၀၁၈) နေ့တွင် မီးဘေးသင့်ပြည်သူ ထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့လင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









