Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၃-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ရေပူကြီးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကြံဘိုကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲအုပ်စု၊ ကြံဘိုကျေးရွာ၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆) အိမ်ထောင်စုစာအား (၂၃-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦစီးမှူးရုံး(ဘစမ)
-
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ဘင်္ဂလားကြီးကျေးရွာ၌ လေပြင်းဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃-၃-၂၀၁၈) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စု၊ ဘင်္ဂလားကြီးကျေးရွာ၌ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းများဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာဆောင်နှင့် နံရံကပ်ပိုစတာ ဖြန့်ဝေခြင်းလုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာလူငယ်များ၊ ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ယာယီ) ဖွင့်လှစ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ဖာပွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ယာယီ) ကို သွားရောက်ဖွင့်လှစ်ခဲ့ရာ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆိုင်းဘုတ်အား အမွှေးနံ့သာရေ ပတ်ဖျက် ၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဒဂုံတောင် စွယ်တော်ဘုန်းကြီးကျောင်း မီးဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် (၅၄) ရပ်ကွက်၊ ပုဂံလမ်းနှင့် အင်ကြင်းလမ်းထောင့်ရှိ စွယ်တော်ဘုန်းကြီးကျောင်း၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီး ကျောင်းဆောင် (၁) ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀ိ/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး Rc သုံးထပ်ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀၀၀၀ိ/-) ကျပ်နှင့် သင်္ကန်းအစုံ (၃၀) တို့အား (၂၃-၃-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ … Read more
-
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စားနပ်ရိက္ခာဖူလုံမှုရရှိစေရေး၊လမ်းပန်း ဆက်သွယ် မှုကောင်းမွန်စေရေး၊ အာဟာရချို့တဲ့မှုမရှိစေရေးတို့အတွက် ရေတိုရေရှည် စီမံကိန်း ဆောင်ရွက်နိုင်ရေး ပူးပေါင်းညှိနှိုင်း အစည်းအဝေးပြုလုပ်မှုသတင်း
၂၃-၃-၂၀၁၈၊ နေပြည်တော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက် ပေးရေး၊ ထောက်ပံ့မှုပေးနိုင်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ခုနှစ်၊ မတ်လ (၂၃) ရက်နေ့ နေ့လည်(၁၃:ဝဝ)နာရီအချိန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် က ဦးဆောင်၍ ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနနှင့် … Read more
-
ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်ကျေးရွာ၌ ပြည်သူလူထု (၁၀၀) ကျော်အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်နေစဉ် တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီးချိန်၌ လုပ်ဆောင် ရမည့် ဆောင်ရန်/ရှောင်ရန်အကြောင်းအရာများအားပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈)ရက်နေ့တွင် ဒီးမော့ဆို မြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမမကြီးကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု ဒီးကူးလယ်ကျး ရွာနှင့် မြို့မကျေးရွာအုပ်စု၊ ခေါသမောကျေးရွာ၊ ထီးသော်တနီးကူးကျေးရွာနှင့် လောခု ခူကျေးရွာများသို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု၊ မန်ကျောင်းဘုန်းကြီးကျောင်းတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်းလူဦးရေ (၆၀) ဦးတက်ရောက်ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် တိုက်ပွဲရှောင်ပြည်သူ (ထပ်တိုး) အိမ်ထောင်စု (၃၀) စာတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၂၂-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)









