Category Archives: News
-
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီ၊လက်ပံတန်း၊မိုးညိုမြို့နယ်များရှိ မသန်စွမ်းသူများနှင့် အမျိုးသမီး ဦးဆောင်သော မိသားစုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပြည်ထောင်စု ၀န်ကြီးဒေါက်တာဝင်းမြတ်အေး ပြုလုပ်မှုသတင်း
၂၄-၃-၂၀၁၈ နေပြည်တော် ပဲခူးတိုင်းဒေသကြီးအတွင်းရှိသာယာဝတီ၊လက်ပံတန်းမြို့နယ်များရှိ မသန်စွမ်းသူများနှင့် အမျိုးသမီးဦးဆောင်သောမိသားစုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့ ခြင်းအခမ်းအနားကို သာယာဝတီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနဟူ၍ ဖွဲ့စည်းထားရှိပြီး ပြည်သူလူထု၏ လိုအပ်ချက်များကိုထောက်ပံ့ကူညီရန်အတွက် ဦးစီးဌာနများက ဆောင်ရွက်ပေးနေကြပါကြောင်း၊ ပဋိသန္ဓေတည်ချိန်မှစ၍ သက်ကြီးရွယ်အိုဖြစ်ချိန်ထိ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်း များစွာရှိပြီး ယခုအစီအစဉ်သည် ဦးစားပေးရွေးချယ်ဆောင်ရွက်ပေးသောအစီအစဉ်ဖြစ်ပြီး ပြည်သူကိုတိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း၊ ယနေ့ထောက်ပံ့မှုများသည် မသန်စွမ်း သူများဘဝ … Read more
-
ကချင်ပြည်နယ်၊ ပန်ဝါမြို့နှင့် ချီဖွေမြို့များရှိ ဆင်းရဲနွမ်းပါးပြည်သူများအတွက် အဝတ်အထည်များထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ ပန်ဝါမြို့နှင့် ချီဖွေမြို့များရှိ ဆင်းရဲနွမ်းပါးပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သော မဝတ်ဝမ်းဆက်(၁၅၀၀) ထည်နှင့် မဝတ်တီရှပ် (၁၅၀၀) ထည်တို့ကို ကချင် ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်သူများက ချီဖွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ကိုယ်စား တာဝန်ရှိသူထံသို့ (၂၃-၃-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ကညို့ကျေးရွာနှင့် ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာတို့တွင် လေပြင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၈)ရက်နေ့တွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာ အုပ်စု၊ ကညို့ကျေးရွာနှင့် ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာတို့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများ အား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာဆောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းလေ့လာမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၈) ရက် နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မမဲကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာ၌ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အမတ် (၂) ဦးအုန်းသွင်၊ NLD အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်မှ FSA အဖွဲ့၊ Myanmar Rescue အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းလေ့လာမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၊ ရွှေဂူကျေးရွာ၌ လေပြင်း ဘေ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အမတ်(၂) ဦးအုန်းသွင်၊ NLD အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်မှ FSA အဖွဲ့၊ Myanmar Rescue အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈) ရက် နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဈေး (၂) ရပ်ကွက် (၃) လမ်း၌ မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများ၊ ပေါင်းတည်မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ ပညာရေး၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ ကြက်ခြေနီ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား (၂၁၇) ဦးခန့်ဖြင့် မြေငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားစရာ များဝေငှပေးခဲ့ပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ယာယီ) မှ တာဝန်ရှိသူများသည် (၂၂-၃-၂၀၁၈) ရက်နေ့ (၁ရး၀၀) အချိန်မှ (၁၈း၀၀) နာရီအချိန်ထိ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ မိုဆိုကျေးရွာ၌ ပြည်သူလူထု (၈၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကြံဘိုကျေးရွာ မီးဘေးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထပ်မံထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ပျဉ်းမနားမြို့နယ်၊ နတ်သူရဲအုပ်စု၊ ကြံဘိုကျေးရွာ၌ (၂၃-၃-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၆,၇၀၀ိ/-) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၅၆,၇၀၀ိ/-) ကျပ်တို့အား (၂၄-၃-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ပြည်သူ့ လွှတ်တော် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၄-၃-၂၀၁၈) ရက် နေ့တွင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာ ဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ခန္ဓောကျေးရွာတို့တွင် လေပြင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၈)ရက်နေ့တွင် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနှင့် ခန္ဓောကျေးရွာတို့တွင်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်း များဖြစ်သော နေအိမ်များ ပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အာ(R)လိမ် များ ရိုက်ပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် လက်ကမ်းစောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား ကျေးရွာကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)









